ကာလိတွင် မီးလောင်မှုဖြစ်ပွား


လွိုင်လင် ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ ဦးစိုင်းတူး နေအိမ်တွင် ဇူလိုင် ၁၆ ရက် ၁၀း၁၀ အချိန် အလုပ်သမားစိုင်းမောင်လှက ဓာတ်ဆီပေပါမှ ၅ ဂါလံဆန့်သံပုံးထဲသို့ ဆီထုတ်ယူစဉ် ဆီဂေါက်တံနှင့် ပွတ်တိုက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ထိုမှတစ်ဆင့် အနီးရှိ ရေသယ်ယာဉ် ဂါလံ(၈၀၀)ဆန့်(၁)စီး၊ နေအိမ်အဆောက်အဦ (၁)လုံး (အုတ်ညှပ်၊ ပျဉ်ကာ၊ သွပ်မိုး၊ နှစ်ထပ်) ၊ ပစ္စည်းသိုလှောင် အဆောက်အဦး(၁)လုံး (အုတ်ညှပ်၊ သွပ်မိုး၊ တစ်ထပ်)၊ အဆောက်အဦအတွင်း လုပ်ငန်းသုံးအတွက် သိုလှောင်ထားသည့် ဒီဇယ်ဆီပေပါ(၄)လုံး၊ ဓာတ်ဆီပေပါ(၄)လုံး ၊ ပေပါခွံ(၁၀)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။


မီးလောင်ကျွမ်းမှုအား မြို့ပုဂ္ဂလိကပိုင် မီးသတ်ယာဉ်(၂)စီး၊ ကွန်ဟိန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ် ယာဉ်(၂)စီးနှင့် ပြည်သူများက ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၁း၂၅ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် အဆောက်အဦ၊ ပစ္စည်းသိုလှောင် အဆောက်အဦ၊ ရေသယ်ယာဉ်၊ သိုလှောင်ဆီ ပေပါ(၈)လုံး ပျက်စီး ဆုံးရှုံးခဲ့သည်။ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အလုပ်သမား စိုင်းမောင်လှ အား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကာလိတွင် မီးလောင်မှုဖြစ်ပွား  ကာလိတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.