ယာဉ်တိုက်မှု့ နှစ်ဦးလုံး သေဆုံး


8-7-2016 ဇူလိုင်လ(၈)ရက်နေ့  ည ၁၀ နာရီ ၅မိနစ်အချိန် အမှတ်၃ လမ်းမ မင်္ဂလာဒုံမြို့နယ် cng ဂတ်စ်ဆိုင်အနီးတွင် ဆိုင်ကယ်အား ကားမှတိုက်သွားပါသည်။ ဆိုင်ကယ်စီးနှင်းသူ ၂ ဦးမှာ တဦးနေရာမှာတင် သေဆုံးခဲ့ပြီး ကျန်တစ် ဦးမှာ အသက်ကျန်ရှိနေသဖြင့် ဆေးရုံသို့  ပုလဲအရန်မီးသတ် တပ်ဖွဲ့မှ အချိန်မှီပို့သော်လည်း လမ်းတွင် သေဆုံး သွားခဲ့ပါသည်။


သေဆုံးသူနှစ်ဦးလုံးအား ပုလဲအရန်မီးသတ် လူနာတင်ယာဉ် နှစ်စီးဖြင့် မေဓါဝီဆေးရုံသို့ ပို့ဆောင် ကူညီပေးခဲ့ပြီး မိုးများသည်းထန်စွာ ရွာသွန်းနေချိန် ဖြစ်သောကြောင့် တိုက်သည့်ကားအား မည်သူမျှ မတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

 ပုလဲအရန်မီးသတ် တပ်ဖွဲ့ဝင်တွေလည်း မိုးရွာထဲမှာအချိန်နှင့် တပြေးညီ ကူညီပေးခဲ့ပြီး ယခုလက်ရှိ မိသားစုနှင့် အဆက်အသွယ် ရရန်ထပ်မံကူညီလျှက်ရှိပါသည်။


Htin Lin Aung


ယာဉ်တိုက်မှု့ နှစ်ဦးလုံး သေဆုံး  ယာဉ်တိုက်မှု့ နှစ်ဦးလုံး သေဆုံး Reviewed by THITHTOOLWIN on 02:32 Rating: 5
Powered by Blogger.