ဘေဂျင်း ဘေးမဲ့တောမှာ အမျိုးသမီးတစ်ဦး ကျားဆွဲခံရ

Breaking news on 24July2016

တရုတ်နိုင်ငံ ဘေဂျင်းမြို့ က ဧကခြောက်ထောင် ကျယ်ဝန်းပြီး နံမည်ကျော် Badaling Wildlife Park သားရိုင်းတိရိစ္ဆာန်တွေကို သဘာဝ အတိုင်း မွေးထားပြီး ကားတွေနဲ့  ကြည့်ရတဲ့ ဥယျာဉ်မှာ လှည့်ပါတ် ကြည့်နေ တဲ့ ကားပေါ်က နေ အောက်ဆင်းမိတဲ့ အမျိုးသမီးတဦးကို ကျားတစ်ကောင်က ဆွဲသွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အမျိုးသမီးဟာ ကားတခါးကို တွန်းဖွင့်ပြီး အောက်ဆင်းဖို့  ကြိုးစားနေတဲ့ သမီးကိုတားဘို့ တံခါးဆင်းအပိတ်မှာ ရုတ်တရက် ကျားဆွဲခံခဲ့ရတာပါ။

နောက်ကလိုက်ကယ်တဲ့ အမျိုးသမီးတစ်ဦးကိုပါ ကျားကိုက်ခံရကြောင်း သိရပါတယ်။ ကံကောင်းတာက ကားထဲမှာ ကျန်နေတဲ့ ခလေးသုံးယောက် က အောက်ဆင်းမလာခဲ့ကြလို့  ကျားကိုက်မယ့် ဘေးက လွတ်သွားခဲ့ပါတယ်။

ယခုဖြစ်ရပ်မှာ ကျားဆွဲ ခံရတဲ့ မိခင်ဖြစ်သူဟာ ဒဏ်ရာပြင်းထန်လို့  ဆေးရုံမှာေ သဆုံးခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်တွင်းသတင်းတွေမှာရေး သားဖေါ်ပြေ နပါတယ်။

အန္တရယ်ရှိတဲ့ ဆိုက်ဘေးရီးယားကျားရိုင်း မျိုးဟာ လူတွေကို တိုက်ခိုက်ဘို့  အမြဲကြိုးစားနေခဲ့တာကို လူတွေက ကားပေါ်ကနေ သဲထိတ်ရင်ဖို့  ကြည့်ရတာ ကို ကြိုက်နှစ်သက်ကြပါတယ်။ ယခုဖြစ်ရပ်မှာ အစောင့်ဝန်ထမ်းတွေ အချိန်မှီရောက် မလာခဲ့ကြတာကြောင့် အမျိုးသမီးသေဆုံးရတာဖြစ်လို့  တိရိစ္ဆာန်ဘေးမယ့်တောက တာဝန်ရှိသူတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

Social Action for Women - SAW
ဘေဂျင်း ဘေးမဲ့တောမှာ အမျိုးသမီးတစ်ဦး ကျားဆွဲခံရ  ဘေဂျင်း ဘေးမဲ့တောမှာ အမျိုးသမီးတစ်ဦး ကျားဆွဲခံရ Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.