ဘင်္ဂလာဒေ့ရှ် ရာမူး (ပန်းဝါ) မြို့ရှိ အကြီးဆုံး လျောင်းတော်မူဘုရား လုံခြုံရေးတိုးမြှင့်

( သတင်းဓာတ်ပုံ- ဘင်္ဂလာဒေ့ရှ်မှ အကြီးဆုံး လျောင်းတော်မူ ဘုရား ဖြစ်ပါသည်။ ယခု လျောင်းတော်မူ ဘုရား တည်ရှိရာ နေရာမှာ ယခင် ရခိုင်လူမျိုးတို့၏ သချိုင်း ဖြစ်ပြီး တောင်အောက်တွင် အိမ်ခြေ (၁၀၀၀) ခန့်ရှိ ရခိုင်ရွာကြီး တစ်ရွာ ယခင် တည်ရှိခဲ့ကြောင်း၊ ယခုအခါ အိမ်တစ်ဆောင်မှ မကျန်တော့ကြောင်း မရာမာကြီး/ ဘရ၀ါ ကျောင်းထိုင်ဆရာတော်က ပြောပြပါသည်။ ဒေသခံများက ၎င်းပျောက်ကွယ်သွားသောရွာမှာ တောင်ချေရွာ ဖြစ်ကြောင်း ပြောပြပါသည်။)
နိရဉ္စရာ၊ ဇူလှိုင် ၃၁

မြန်မာနယ်စပ်အနီး တည်ရှိသော ရာမူး (ပန်းဝါ) မြို့ရှိ ပေ (၁၀၀) ခန့်ရှည်လျားသော ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ အကြီးဆုံး လျောင်းတော်မူ ဘုရားတွင် လုံခြုံရေးကို အထူး တိုးမြှင့် ချထားလိုက်ပြီ ဖြစ်ကြောင်း Cox’sbazar news က ယနေ့တွင် သတင်း ဖော်ပြသည်။

၎င်းပြင် ၂၀၁၂ ခုနှစ်က တိုက်ခိုက် ဖြိုဖျက် ခံခဲ့ရသော ရာမူးရှိ ဘုန်းတော်ကြီးကျောင်းများ အပါအ၀င် ဟိန္ဒူဘုရား ရှိခိုးကျောင်းများတွင်လည်း လုံခြုံရေးကို အရင်ကထက် တိုးမြှင့် ချထားသည်ဟု ဆိုသည်။

ရာမူး (ပန်းဝါ) မြို့ရှိ ဟိန္ဒူ ဘုရားရှိခိုးကျောင်းပေါင်း ၂၀ အား အစွန်းရောက် အစ္စလာမ်မစ် အဖွဲ့များမှ ခြိမ်းခြောက်စာ ပို့ပြီးနောက်ပိုင်းတွင် လုံခြုံရေးကို တိုးချခြင်း ဖြစ်ကြောင်း၊ ကျောင်းထိုင်ဆရာတော်များ၊ ဘာသာရေး ဆရာများနှင့် ဖုန်းများဖြင့် ပုံမှန်ဆက်သွယ်ပြီး လုံခြုံရေးကို အနီးကပ် စောင့်ကြည့်နေကြောင်း ရာမူး(ပန်းဝါ) မြို့ရှိ ရဲအရာရှိ OC ပြိုရာစောင်ဒရောက ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

အစ္စမ်လမ်မစ် အစွန်းရောက် အကြမ်းဖက်သမားများသည် ဟိန္ဒူကျောင်းများနှင့် ဗုဒ္ဓဘာသာကျောင်းများကိုသာမက အစ္စလာမ်ဘာသာဝင်များ၏ ဗလီများကိုလည်း ခြိမ်းခြောက်ထားပြီး ထိုအထဲတွင် ရာမူးမြို့ရှိ ဇာမိမောဂျစ်လဲ ပါဝင်သည်ဟု ရဲက ပြောသည်။

ယခုအခါ လူနည်းစု ရခိုင်၊ ဟိန္ဒူ၊ မာရမာကြီး (ဘရာဝါ) ရွာများတွင် ရွာသားများကိုယ်တိုင် ကင်းစောင့်နေကြရပြီး လုံခြုံရေးကို အထူးသတိပေးမှုပြုလုပ်ထားကြောင်း ရဲအရာရှိက ပြောဆိုသည်။

ကော့စ်ဘဇား အခြေစိုက် အထူးမူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ ( Rapid Action Battalion) က ယခုအခါ လူစည်ကားရာနေရာများ ဖြစ်သော ဈေး၊ ဘတ်စ်ကားမှတ်တိုင်၊ စာသင်ကျောင်းများတွင် သူတို့နှင့် ဆက်သွယ်ရနိုင်သည့် ဖုန်းနံပတ်များကို ရေးထားသည့် ပိုစတာများကို လိုက်ကပ်နေပြီး ထူးခြားမှု တွေ့ရှိက ချက်ချင်း ဖုန်းဆက်အကြောင်းကြားရန် ပိုစတာထဲတွင် ရေးသား ဖြော်ပထားသည်ဟု ဆိုသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် အများစု ပြည်သူများမှာ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက်သမားများ အန္တရာယ်ကို အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ