သုံးလောင်းပြိုင်လူသတ်မှုဖြင့် ထောင်တစ်သက်ချခံရသူ အကျဉ်းသား အကျဉ်းထောင်မှ ထွက်ပြေးလာစဉ် လယ်ဝေးမြို့၌ဖမ်းဆီးရမိ
လယ်ဝေး ဇူလိုင် ၁၅
လယ်ဝေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ထောင် တစ်သက်ချခံရသူ အကျဉ်းထောင်မှ ထွက်ပြေးလာစဉ် ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ နေပြည်တော် လယ်ဝေး မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ချမ်းမြေ့အောင် ဦးစီးသည့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁ဝ ရက် မွန်းလွဲ ၂ နာရီ ၁ဝ မိနစ်က နယ်မြေ သတင်း လှည့်လည်စုံစမ်းနေစဉ် လယ်ဝေး မြို့တွင်းလမ်းဘေးရှိ ဦးကေသောင်း စတိုးဆိုင်ရှေ့၌ လူတစ်ဦးကို မသင်္ကာ သဖြင့် ခေါ်ယူစစ်ဆေးမေးမြန်းရာ ကျော်မင်းထွန်း(ခ) ဖိုးထောင်(၄၁ နှစ်)ပန်းခင်း (၁)လမ်း ပျဉ်းမနားမြို့နေသူ ဖြစ်ကြောင်းသိရပြီး ဆက်လက် စစ်ဆေးမေးမြန်းချက်အရ ၄င်းသည် တောင်ငူအကျဉ်းထောင်မှ ထောင်ဝင် အမှတ် တင/ဝ၆/ဝ၂၃၇၄ ဖြင့် ထောင်ဒဏ် တစ်သက်ချခံရသူ အကျဉ်းသားဖြစ်ကြောင်း၊ အကျဉ်း ထောင်မှ ဇွန် ၆ ရက် မွန်းတည့် ၁၂ နာရီက ထွက်ပြေးလာသူဖြစ်ကြောင်း ထွက်ဆို ခဲ့သည်။
ဆက်လက်စစ်ဆေး မေးမြန်းချက် အရ ကျော်မင်းထွန်း(ခ)ဖိုးထောင်သည် ၂ဝဝ၆ ခုနှစ်နှစ်ဆန်းပိုင်းက တောင်ငူမြို့ရှိ နေအိမ်တစ်အိမ်သို့ ဝင်ရောက်၍ ပစ္စည်းခိုးယူရာ အိမ်ရှင်ကလန့်နိုး၍ မိသွားသောအခါ ၄င်းအိမ်မှ အိမ်ရှင် အပါအဝင် လူသုံးဦးကို တစ်ပြိုင်တည်း သတ်မှုဖြင့် ၂၄-၁၂-၂ဝဝ၆ ရက်တွင် အုတ်တွင်းနယ်မြေရဲစခန်းမှ ၁၉/၂ဝဝ၆ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂(ခ)(ဂ) ဖြင့် တောင်ငူအကျဉ်းထောင်တွင် ထောင်ဝင် အမှတ် တင/ဝ၆/ဝ၂၃၇၄/တ ဖြင့် ထောင်ဒဏ်တစ်သက်ချခံနေရပြီး ၂ဝ-၁-၂ဝ၁၆ ရက်တွင် တီဘီရောဂါနှင့် အေအိုင် ဒီအက်စ်ရောဂါတို့ ခံစားနေရသဖြင့် ဆေးကုသရန် တောင်ငူမြို့ ပြည်သူ့ ဆေးရုံ၌ တက်ရောက်ကုသမှုခံယူရင်း ဇွန် ၆ ရက် မွန်းတည့် ၁၂ နာရီက ဆေးရုံမှ ထွက်ပြေးကာ ဆိုင်ကယ်ကယ်ရီငှား၍ ဆွာမြို့သို့လာခဲ့ကြောင်း၊ ဆွာမြို့အဝင် တွင် ခြေကျင်းချွတ်ခဲ့ကြောင်း၊ ထိုမှ တစ်ဆင့် ဆိုင်ကယ်ကယ်ရီဖြင့် လယ်ဝေး မြို့သို့လာခဲ့ပြီး လယ်ဝေးဘူတာမှ တောင်တွင်းကြီးမြို့သို့ ရထားစီး၍ တောင်တွင်းကြီးမြို့မှ မကွေးမြို့ရှိ တော့ပ်စင်တာတွင် ကျန်းမာရေးစောင့် ရှောက်မှုခံယူခဲ့ကြောင်း၊ ဇွန် ၇ ရက်တွင် မကွေးမြို့မှ နေပြည်တော်သို့ ကားဖြင့် ပြန်လာခဲ့ရာ ဇူလိုင် ၁ဝ ရက် မွန်းလွဲ ၂ နာရီတွင် မြို့တွင်းရှိ ဦးကေသောင်းစတိုး ဆိုင်ရှေ့၌ ယခုကဲ့သို့ လယ်ဝေးမြို့မရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လယ်ဝေးမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ချမ်းမြေ့အောင် ဦးစီးသောရဲတပ်ဖွဲ့ဝင်များက တရားခံ ရဲဘက်ပြေး ကျော်မင်းထွန်း(ခ) ဖိုးထောင်(၄၁ နှစ်)အား မူလစခန်း ဖြစ်သည့် တောင်ငူမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး တောင်ငူမြို့မ ရဲစခန်းက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
မင်းမင်းလတ်(မန်းတက္ကသိုလ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သုံးလောင်းပြိုင်လူသတ်မှုဖြင့် ထောင်တစ်သက်ချခံရသူ အကျဉ်းသား အကျဉ်းထောင်မှ ထွက်ပြေးလာစဉ် လယ်ဝေးမြို့၌ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
10:00
Rating:
