ပန်းဆိုးတန်းမှ သန်လျင်သို့ ညပိုင်းပြေးဆွဲနေသည့် ခရီးသည်တင်ကားများ ကားခပိုယူနိုင်ရန် ကားတံခါးများ ပိတ်ကာရပ်နားနေပြီး ည ၈ နာရီကျော်မှပြေးဆွဲ


ရန်ကုန်မြို့ ပန်းဆိုးတန်းမှ သန်လျင်သို့ ညပိုင်းပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ ကားခပိုယူနိုင်ရန် ပန်းဆိုးတန်း မှတ်တိုင်အနီးတွင် ကားတံခါးများပိတ်ကာရပ်နားနေပြီး ည ၈ နာရီကျော်မှပြေးဆွဲမှု များ ပြုလုပ်နေကြောင်း ခရီးသွားပြည်သူများထံမှ သိရှိရသည်။

ရန်ကုန်မှ သန်လျင်သို့ ပြေးဆွဲနေသည့် ကားခများမှာ နေ့ပိုင်းတွင် ကျပ်၂၀၀၊ ညပိုင်းတွင် ကျပ်၃၀၀ ကောက်ခံနေပြီး ဧပြီလမှ စတင်ကာနေ့ပိုင်း(၃၀၀)ကျပ် (အဲကွန်းကား)၊ ညပိုင်းတွင် ကျပ် ၃၀၀နှင့် ည ၈ နာရီကျော်ပါက ကျပ်၅၀၀ ကောက်ခံမှုများ ရှိနေကြောင်း သိရသည်။

သန်လျင်မြို့တွင် နေထိုင်သူများက သန်လျင်ကားခများ တိုးမြင့်ကောက်ခံနေသော်လည်း သွားလာစရာ အခြားကား မရှိသဖြင့် ငွေပိုကုန်နေသည့်အတွက် ကားခများပုံမှန်အတိုင်း ကောက်ခံရန် လိုလားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

 ထို့သို့ ည ၈ နာရီကျော်မှ ကျပ် ၅၀၀ ကောက်ခံနေမှုအား ခရီးသွားပြည်သူများမှအရေး ယူပေးစေရန်နှင့် ပြုပြင်ပြောင်းလဲစေချင်ပါက အပိုင်းနှစ်ပိုင်းဖြင့်လုပ်ဆောင်ရန် လိုအပ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီ အတွင်းရေးမှူး ဦးဝေဖြိုးဟန် ကပြောသည်။

 ရန်ကုန်တိုင်းဒေသကြီ မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းမှုဗဟိုကော်မတီကို အပြောင်းအလဲ လုပ်ပြီး ဌာနခွဲများ ဖျက်သိမ်းကာ အများပိုင်ခရီးသွားဝန်ဆောင်မှု အဖြစ် ပြောင်းလဲရန် စီစဉ်နေကြောင်းရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ သန်လျင် အရှေ့ပိုင်းတက္ကသိုလ်မှမော်တင် မှတ်တိုင်အထိ ပြေးဆွဲနေသည့် ယာဉ်လိုင်း (၅)လိုင်း ပြေးဆွဲနေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပန်းဆိုးတန်းမှ သန်လျင်သို့ ညပိုင်းပြေးဆွဲနေသည့် ခရီးသည်တင်ကားများ ကားခပိုယူနိုင်ရန် ကားတံခါးများ ပိတ်ကာရပ်နားနေပြီး ည ၈ နာရီကျော်မှပြေးဆွဲ  ပန်းဆိုးတန်းမှ သန်လျင်သို့ ညပိုင်းပြေးဆွဲနေသည့် ခရီးသည်တင်ကားများ ကားခပိုယူနိုင်ရန် ကားတံခါးများ ပိတ်ကာရပ်နားနေပြီး ည ၈ နာရီကျော်မှပြေးဆွဲ Reviewed by THITHTOOLWIN on 07:36 Rating: 5
Powered by Blogger.