နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရင်းနှီးသော မိသားစုဝင်များ တွေ့ဆုံ


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖယ်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်များနှင့် ရင်းနှီးသော မိသားစုဝင်များအဖြစ် တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၁၇

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးစု ဖယ်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဦးအင်ဘန်လဦးဆောင်သည့် အဖွဲ့ဝင်များအား ယနေ့ညနေ ၃ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC ) ရန်ကုန်ရုံးခွဲတွင် ရင်းနှီးသောမိသားစုဝင်များအဖြစ် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးသည်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ညနေ ၄နာရီ၄၅မိနစ် တွင် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။


တွေ့ဆုံဆွေးနွေးရာတွင် အစိုးဘက်မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးတို့တက်ရောက်သည်။


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖယ်ဒရယ်ကောင်စီ (UNFC)ဘက်မှ UNFCဥက္ကဋ္ဌဦးအင်ဘန်လ နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးနိုင်ထောမွန်၊ ဦးခွန်းအေဘယ်တွိဒ်၊ ဦးဆေထင် နှင့် UNFC က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) ခေါင်းဆောင် ခူဦးရယ် အပါအ၀င်အဖွဲ့ဝင်(၈)ဦးတို့ တက်ရောက်ကြသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရင်းနှီးသော မိသားစုဝင်များ တွေ့ဆုံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရင်းနှီးသော မိသားစုဝင်များ တွေ့ဆုံ Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.