ဇူ ၆ / DNJ
မိုးဆက်လက်ရွာသွန်းနေသဖြင့် ကျောက်တော်၊မြောက်ဦး၊မင်းပြား စသည့်မြို့နယ်များတွင် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရေးတစ်ကြီးလိုအပ်နေကြောင်းသိရသည်။
ဇူလိုင်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မိုးရွာသွန်းမှုကြောင်း အဆိုပါမြို့နယ်များအတွင်းရှိ ကျေးရွာ များမှာ ရေနစ်မြုပ်လျက်ရှိပြီး ဒေသခံအများစုမှာ ကုန်းမြင့်နေရာများနှင့် အဆောက်ဦးအမြင့်များပေါ် ကို ပြောင်းရွေ့နေထိုင်လျက်ရှိကြပြီး စားဝတ်နေရေးအညီများလိုအပ်နေကြောင်းလည်း သိရသည်။
“ရွာတွေကတော့ တောင်ကုန်းတွေမှာတက်နေတယ်။ တစ်ချို့ကလဲ ဘုန်းကြီးကျောင်းပေါ် မှာနေကြတယ်။ရေက မနေ့ကတက်လာတယ်။ အခုကုန်းမြင့်ဒေသတွေမှာတောင် ၅ ပေလောက် ကိုရှိတယ်။ အခုကတော့ မင်းပြားမြို့ပေါ်မှာတဲ့ လူမှုအဖွဲ့အစည်းတစ်ချို့ကနေပြီး ထမင်းထုတ်တွေ ဘာတွေပေးဖို့စီစဉ်နေကြတယ်။ ”ဟု မင်းပြားမြို့ခံတစ်ဦးဖြစ်သူ ကိုပန်လှအောင်ကပြောသည်။
လက်ရှိအချိန်တွင် မြို့နယ်အသီးသီး၌ မိုးဆက်လက်ရွာသွန်းနေပြီး အပြန်ဆုံးကူညီဆောင်ရွက်မှု များပြုလုပ်ပေးရန်လိုအပ်နေကြောင်းလည်းသိရသည်။
Development Media Group
https://www.facebook.com/DevelopmentNJ/
ရေနစ်မြုပ်မြို့နယ်များ အရေးပေါ်အကူညီလို
Reviewed by THITHTOOLWIN
on
10:00
Rating:
