![]() |
မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကျောင်းစုကျေးရွာက သားအဖနှစ်ဦးကို လားရှိုးဆေးရုံးမှာ ဇူလိုင်လ ၁၈ ရက်နေ့ကတွေ့ရစဉ်။ Photo: Kan Thar/RFA |
ကျောင်းစုကျေးရွာကနေ ထင်းရှူးပင်ခုတ်ဖို့ သွားရာလမ်းမှာ မိုင်းနင်းမိတာဖြစ်ပြီး လက်နဲ့ခြေထောက်တွေမှာ ဒဏ်ရာရရှိထားတာဖြစ်တယ်လို့ ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ သီပေါဇာတ်စုလူငယ်အဖွဲ့ က ကိုမျိုး က ပြောပါတယ်။
ဒဏ်ရာရရှိထားသူနှစ်ဦးကို လားရှိုးဆေးရုံ အရေးပေါ်ဌာနကနေ အရိုးကုသဆောင်ကို လွှဲပြောင်းပေးထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နဲ့ ကျောက်မဲမြို့နယ်တွေမှာ အစိုးရတပ်မတော်၊ RCSS/SSA နဲ့ TNLA တပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေ မကြာခဏဆိုသလို မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရတာတွေ သေဆုံးတာတွေ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ရက်နေ့ကလည်း ကျောက်မဲမြို့ နယ် ကွန်ကော်ရွာနဲ့ ကောင်နိမ့်ရွာကြားမှာ ဒေသခံတချို့ မိုင်းနင်းမိတာကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ပါတယ်။
မိုင်းနင်းမိတာတွေ မကြာခဏဖြစ်နေတာကြောင့် ဒေသခံတွေဟာ တောင်ယာလုပ်ဖို့၊ အသီးအရွက်ခူးဖို့ ကြောက် လန့်နေကြရတယ်လို့ ပြောကြပါတယ်။
RFA Burmese
http://www.rfa.org/burmese
မိုင်းနင်းမိပြီး သားအဖနှစ်ဦး ဒဏ်ရာအပြင်းအထန်ရ
Reviewed by THITHTOOLWIN
on
21:11
Rating:
