ပဲခူးတက္ကသိုလ်ဝန်းကျင်ရှိ တရားမ၀င် အလုံပိတ်ဆိုင်ခန်းများအား စစ်ဆေး

ပဲခူးမြို့ရှိ တရားမ၀င်အလုံပိတ်ဆိုင်ခန်းများအား စစ်ဆေးဆောင်ရွက်ခြင်း
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှ ပဲခူးမြို့ရှိ ပဲခူးတက္ကသိုလ်ဝင်းအတွင်းဆိုင်ခန်းများ၊ တက္ကသိုလ်ဝန်းကျင်ရှိ ဆိုင်ခန်းများနှင့် မဇင်ဆည်သွားသည့်လမ်းဘေးရှိ ဆိုင်ခန်းများအား၂၆-၇-၂၀၁၆ ရက်နေ့ ၀၉၀၀ အချိန်မှ ၁၃၀၀ အချိန်ထိ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


 စားသောက်ဆိုင်၊ လဘ္ကက်ရည်ဆိုင်၊ အအေးဆိုင်များအမည်ခံကာ တရားမ၀င်အလုံပိတ်အခန်းများထားရှိခြင်းကြောင့် လူငယ် လူရွယ်နှင့် ကျောင်းသား/သူ များ အကျင့်စာရိတ္တပျက်ပြားစေကြောင်း သတင်းများအရ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။


ပူးပေါင်းအဖွဲ့သည် ပဲခူးတက္ကသိုလ်ဝင်းအတွင်းရှိ ဆိုင်ခန်းပေါင်း (၂၈)ခန်း၊ တက္ကသိုလ်ဝန်းကျင်ရှိ ဆိုင်ခန်း(၂)ခန်း၊ မဇင်ဆည်သွားသည့်လမ်းဘေးရှိ ဆိုင်ခန်း (၈)ခန်း တို့အား စစ်ဆေးခဲ့ပြီး ၄င်းဆိုင်များရှိ တဲများနှင့် အခန်းများအား ဖျက်သိမ်းခြင်း၊ ပြင်ဆင်ဆောက်လုပ်ခြင်း၊ အကာအရံများ ဖယ်ရှားခြင်း၊ လိုင်စင်လျှောက်ထားခြင်းများအား သတ်မှတ်ရက် အတွင်းအပြီး ဆောင်ရွက်ရန် ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည် ။

by သစ်ထူးလွင်

ပဲခူးတက္ကသိုလ်ဝန်းကျင်ရှိ တရားမ၀င် အလုံပိတ်ဆိုင်ခန်းများအား စစ်ဆေး  ပဲခူးတက္ကသိုလ်ဝန်းကျင်ရှိ တရားမ၀င် အလုံပိတ်ဆိုင်ခန်းများအား စစ်ဆေး Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.