သမီးဖြစ်သူကို တူမီးလုပ်သေနတ်ပြောင်းဝကကိုင်ပြီး ရိုက်နှက်ရာမှ သေနတ်ကျည်ထွက်ပြီး ဖခင်ဖြစ်သူသေဆုံးမှု ဇူလိုင်လ (၁၁)ရက်က အုတ်တွင်းမြို့နယ်မှာဖြစ်ပွားခဲ့ပါတယ်။
အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု စိမ်ရေ၀တဲရွာမှာ ကျပန်းအလုပ်လုပ်ကိုင်တဲ့ ၀င်းမောင် (ခေါ်)ဂျီဝင်းမောင်ဟာ အရှည်(၃)ပေ၊ (၁)လက်မခန့်ရှိတဲ့ တူမီးသေနတ်ကို ယမ်းထောင်းပြီး တောပစ်ရာမှအပြန် သမီးဖြစ်သူကိုခွေးစာကျွေးမထားတာကြောင့် သေနတ်ပြောင်းဝက ကိုင်ပြီး ရိုက်နှက်ခဲ့ပါတယ်။
ရိုက်နက်စဉ်ကျည်ထွက်ပြီး ၀င်းမောင်(ခေါ်)ဂျီဝင်းမောင်ရဲ့ ညာဘက်ရင်အုံကို သေနတ်ဒဏ်ရာတစ်ချက်၊ ၀ဲဘက်လက်ဝါးစောင်း ကျည်ပွန်းဒဏ်ရာ တစ်ချက်ရရှိကာ နေရာမှာ တင်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး အုတ်တွင်းမြို့မရဲစခန်းက ပြစ်မှုနံပါတ် (၁၃၇/၂၀၁၆)၊ရာဇသတ်ကြီးပုဒ်မ (၃၀၄-က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
5 Plus News
https://www.facebook.com/5plusnews
သမီးဖြစ်သူကို သေနတ်နဲ့ရိုက်နှက်ရာမှာ ကျည်ထွက်ပြီး ဖခင်ဖြစ်သူသေဆုံး
Reviewed by THITHTOOLWIN
on
19:13
Rating:
