တရုတ်ဆီက ပိုက်ဆံမချေးချင်တော့ တဲ့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီး


နေပြည်တော် ဇူလိုင် ၂၉။

ပြီးခဲ့တဲ့အစိုးရလက်ထက်က ဆောင်ရွက်ဖို့လျာထားခဲ့တဲ့ ၂၃၀ကေဗီ မွန်ပြည်နယ်၊ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်း နှင့်ဓာတ်အားခွဲရုံ စီမံကိန်းကို တရုတ်နိုင်ငံ EXIM BANK ချေးငွေ နဲ့ဆက်လက်ဆောင်ရွက်ဖို့မသင့်ဘူးလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက"အဲ့သည်ချေးငွေကိုပယ်ဖျက်ပြီးတော့ အတိုးနှုန်းပိုမိုသက်သာပြီး ပစ္စည်းများဝယ်ယူမှာ ကန့်သတ်ချက်မရှိတဲ(World Bank)နဲ့ အာရှဖွံဖြိုးရေးဘဏ်(Asian Development Bank-ADB)ကဲ့သို့သော ချေးငွေများနဲ့ သာ ဆောင်ရွက်ရန်သင့်လျော်ကြောင်းတွေ့ ရပါတယ်။"လို့ သည်နေ့(ဇူလိုင် ၂၉ရက်)မှာကျင်းပတဲ အမျိုးသားလွှတ်တော် အစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံ EXIM Bank ရဲ့ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရအချိန်ကြန့်ကြာခြင်း၊အတိုးနှုန်းများခြင်းနဲ့ တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းတွေကိုပဲ ဦးစားပေးဝယ်ရတာတွေ ကြောင့် ဆက်လက်မဆောင်ရွက်သင့်တာဖြစ်တယ်လို့ လည်းလွှတ်တော်တွင်းရှင်းပြခဲ့ပါတယ်။

တရုတ်နိုင်ငံ EXIM Bank ချေးငွေ နဲ့ ဆောင်ရွက်မယ်ဆိုရင် အဲ့သည်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်းပေါင်း (၁၈၀.၀၁၇)သန်းကုန်ကျမှာဖြစ်ပြီးအတိုးနှုန်းက ၂ရာခိုင်နှူန်းဖြစ်ပါတယ်။စီမံကိန်းအတွက် ဌာန က တွက်ချက်ထားတဲ့ ခန့်မှန်းကုန်စရိတ်က အတော့ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၀၃.၄)သန်းခန့်ဖြစ်တယ်လို့ လည်း ဦးဖေဇင်ထွန်းကပြောပါတယ်။

မွန်ပြည်နယ် မဲ ဆန္ဒနယ် အမှတ်(၈)အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းရဲ့၂၀၁၆-၂၀၁၇ဘဏ္ဌာရေးနှစ်အတွက် မွန်ပြည်နယ်ရေးမြို့နယ် သို့ မဟာဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းဆောငိရွက်နိုင်ခြင်းရှိမရှိမေးခွန်းနဲ့ပတ်သက်ပြီးဝန်ကြီးကအခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

Author ဖေသက်ထက်ခင်
Kumudra
https://www.facebook.com/newsKumudra
တရုတ်ဆီက ပိုက်ဆံမချေးချင်တော့ တဲ့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီး  တရုတ်ဆီက ပိုက်ဆံမချေးချင်တော့ တဲ့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီး Reviewed by THITHTOOLWIN on 17:14 Rating: 5
Powered by Blogger.