ရက် ၁၀၀ စီမံချက်အရ တာမွေမြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက် နေသော ရဲတပ်ဖွဲ့ဝင်များက ပိုက်ဆံအိတ်လုယက်ထွက်ပြေးသူနှစ်ဦးအား ချက်ချင်းဖမ်းဆီးရမိ
ရန်ကုန်၊ ဇူလိုင် ၁၃
၁၃.၇.၂၀၁၆ ရက်နေ့ နံနက်ပိုင်းက ရက် ၁၀၀ စီမံချက်အရ တာမွေမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေးအတွက် မော်တော်ာယာဉ်လှည့်ကင်းဆောင်ရွက်နေစဉ် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်ရပ်ကွက်၊ တာမွေဗလီအနီး၌ ပိုက်ဆံအိတ်လုယူထွက်ပြေး သွားသည့် အမျိုးသား ၂ ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ (၁၃)ရက်နေ့ နံနက် ၀၁၀၅ အချိန်ခန့်က သန်လျင်မြို့နယ်နေ ကိုနေမျိုးလှိုင် သည် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်ရပ်ကွက်၊ တာမွေဗလီကားမှတ်အနီးတွင် ၎င်းမောင်းနှင်သည့် အမှတ်(၁၀၇)ခရီးသည်တင်ယာဉ်အား ရပ်တန့်ထားရှိပြီး ပိုက်ဆံအိတ်အတွင်းမှငွေများအား ရေတွက်နေစဉ် အမျိုးသား ၂ ဦးမှ ယာဉ်ပေါ်သို့တက်လာကာ ၎င်းထံမှ ငွေကျပ်(၃၀၀၀၀)ပါရှိသည့် ပိုက်ဆံအိတ်အား လုယူခဲ့၍ ပြန်လည်လုယူရာ ၎င်းအမျိုးသား ၂ ဦးမှ ၀က်အူလှည့်ဖြင့် ရန်ပြုကာထွက်ပြေးသဖြင့် နောက်မှပြေးလိုက်သွားခဲ့စဉ် နယ်မြေအတွင်း ရက် ၁၀၀ စီမံချက်အရ မော်တော်ယာဉ်လှည့်ကင်းတာဝန်ဆောင်ရွက်နေသည့် တာမွေမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များက အဆိုပါနေရာအနီးသို့ရောက်ရှိလာသဖြင့် ဖြစ်စဉ်အားပြောပြခဲ့ရာ လှည့်ကင်းယာဉ်မှတပ်ဖွဲ့ဝင်များက လုယက်သွားသူ အမျိုးသား ၂ ဦး အား လိုက်လံဖမ်းဆီးခဲ့ရာ အခင်းဖြစ်နေရာအနီး တာမွေဗလီ ထိပ်တွင် ချက်ချင်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၎င်းတို့အားစစ်ဆေးချက်အရ အဆိုပါလုယက်သူ အမျိုးသား ၂ ဦးမှာ ဒလ မြို့နယ်နေ ထွန်းထွန်းဝင်း၊ (၂၆)နှစ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ နွေနိုင်ဦး၊ (၂၁)နှစ်တို့ဖြစ်ကြောင်း သိရှိရကာ သက်သေခံပစ္စည်းပိုက်ဆံအိတ်အား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး တာမွေမြို့မရဲစခန်း(ပ)၅၄၂/၂၀၁၆၊ ရာဇသတ် ကြီးပုဒ်မ-၃၈၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
Yangon Police
https://www.facebook.com/yangonpolice
ပိုက်ဆံအိတ်လုယက် ထွက်ပြေးသူနှစ်ဦးအား ချက်ချင်းဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
16:13
Rating:
