အလုပ်သမားတွေကို အမှုဆင် ထောင်ချနေတဲ့ " ကြက်မကြီး "ကို အိမ်ဖေါ်တွေက ပြန်တရားစွဲ


2July2016

ယခုရက်ပိုင်းအတွင်း ထိုင်းသတင်းတွေမှာ မျက်နှာဖုံးသတင်းအဖြစ် ဖေါ်ပြနေတဲ့ ၀မ်ထနီ (ခ)ကျေးကိုင် (ကြက်မကြီး) ကို ဘန်ကောက်မြို့  ပချာချင့် ရဲစခန်းက သူ့ အိမ်မှာ အလုပ်လုပ် ကိုင်နေသူတွေကို အမှူဆင်တရားစွဲ ထောင်ချနေတဲ့ စွဲချက်တွေနဲ့  ပြန်တရားစွဲ ခံရတဲ့ သတင်းဖြစ်ပါတယ်။

ငွေကြေးမပြည့်စုံတဲ့ တောင်ပေါ်တိုင်းရင်းသူ မိန်းခလေး တွေ ကို ပညာ တတ်ဖြစ်အောင် သင်ပေးမယ် သမီးအဖြစ်မွေးစား မယ်လို့  မိဘတွေကို ယုံလာအောင် ကတိတွေပေးပြီး ဘန်ကောက်နေအိမ်မှာ အိမ်ဖေါ်အဖြစ် ခိုင်းစားနေ သူဖြစ်ပါတယ်။

ရဲအရာရှိ တဦးရဲ့  ဇနီးဖြစ်တဲ့ ကြက်မကြီးဟာ တကယ်မွေးစားတာ မဟုတ်ဘဲ အခိုင်းအစေအဖြစ်ခိုင်းနေတာ ကိုသိလာပြီး အိမ်ကထွက်ပြေးတိုင်း သူ့ အိမ်က အဖိုးတန် ပစ္စည်းတွေခိုးမှုနဲ့  လိမ်ပြီး အမှုဖွင့် ဖမ်းခိုင်းပါတယ်၊ သူ့ ကြောင့် ထောင်ကျသွားခဲ့တဲ့ အိမ်ဖေါ်တွေလည်း ရှိနေပါတယ်။ အခိုးခံရတဲ့ ပစ္စည်းတန်ဘိုးဟာ ဘတ်(၁၀)သန်းကျော်ရှိတယ်လို့  အမှုတိုင်းမှာ ကြက်မကြီးက သတင်းလွှင့်ပြီး မိန်ခလေးထွက်ပြေးစဉ်က CCTV မှတ်တမ်းနဲ့ တရားစွဲခဲ့တယ်။ ထွက်ပြေးတဲ့ မိန်ခလေးကို ဖမ်းမိတဲ့အခါ အတင်းအကြပ် ၀န်ခံ လက်မှတ်ထိုး ခိုင်းကြောင်း ခံရတဲ့သူတွေကထွက်ဆိုခဲ့ပါတယ်။

တကယ်ဖြစ်ရပ်က ဘယ်အိမ်ဖေါ်ကမှ တန်းဘိုးရှိတဲ့ ပစ္စည်းတွေ ခိုးမသွားခဲ့ပါဘူး၊နောက်ဆုံး ထိုင်းကျာင်းသူလေးအမှုမှာ ပျောက်တဲ့ ပစ္စည်းတန်ဘိုးကို တနေ့ တမျိုးပြောနေတာရယ်၊ ကြက်မ အမှုဆင်ဖမ်းတဲ့ သူတွေများနေတာပေါ်လာလို့  အမျိုးသမီးအခွင့်ရေး အဖွဲ့ တွေကနေ ကြက်မကြီး ကိုပြန်တရားစွဲခဲ့ပါတယ်။ကြက်မကြီးတရားစွဲခံရတဲ့သတင်းကြောင့် သူမအမှုဆင် ထောင်ချခဲ့ဘူး တဲ့ တခြားမိန်းခလေးတွေလည်း ရဲစခန်းမှာလာရောက် အစစ်ခံနေကြပြီဖြစ်ပါတယ်၊

နောက်ဆုံးသိရတာကတော့ ကြက်မကြီးဟာ တရားမ၀င် လူကုန်ကူးမှုနဲ့  ပါတ်သက်နေပြီး အမျိုးသမီးငယ်တွေကို ပြည့်တန်ဆာရုံနဲ့  နိုင်ငံခြားတိုင်းပြည်တွေ ကိုပို့ နေတာတွေ့ ဆက်တိုက်ဖေါ်ထုတ်နေတဲ့အကြောင်း ထိုင်းသတင်းတွေ မှာရေး နေကြပါတယ်။

Manager online
Social Action for Women - SAW
အလုပ်သမားတွေကို အမှုဆင် ထောင်ချနေတဲ့ " ကြက်မကြီး "ကို အိမ်ဖေါ်တွေက ပြန်တရားစွဲ  အလုပ်သမားတွေကို အမှုဆင် ထောင်ချနေတဲ့ " ကြက်မကြီး "ကို အိမ်ဖေါ်တွေက ပြန်တရားစွဲ Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.