ချင်းတွင်မြစ်တွင် ဓမ္မစေတီခေါင်းလောင်း ပေါ်မယ်ဆိုလို့ လာရောက်ကြည့်ရှုသူတွေထဲ ဦးခင်ညွန့်လည်းပါဝင်


စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ထဲက မောက္ကတော်ရွာမှာ ဓမ္မစေတီခေါင်းလောင်းပေါ်မယ်ဆိုလို့ လာရောက်ကြည့်ရှုသူတွေ ရှိနေကြပါတယ်။

အဲဒီထဲမှာ ယခင်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်လည်းပါဝင်ပါတယ်။ ကလေးဝမြို့နယ် မဟာမြိုင်တောကြီးအလည်က ရန်ကုန်မြို့ သဲဖြူဆရာတော်ဦးပညာဇောတ သတင်းသုံးနေထိုင်တဲ့ ကျောင်းမှာ ဦးခင်ညွန့်ရဲ့ ဇနီးကလည်း တရားစခန်းဝင်ရောက်လျှက် ရှိပါတယ်။

သူရဲ့သားနှစ်ဦးလည်း ဇူလိုင် ၁၉ရက်နေ့မှာပဲ အဲဒီဘုန်းတော်ကြီးကျောင်းမှာပဲ သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့ပါတယ်။

ယခင်ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးလည်း အဲဒီဘုန်းကြီးကျောင်းမှာပဲ ရဟန်းဝတ်တရားစခန်းဝင်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံတွေကိုတော့ ကလေးမြို့အခြေစိုက် Central News Myanmar သတင်းထောက် ကိုစည်သူထွန်းက သွားရောက် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

‪CentralNewsMyanmar‬
‪‎ကလေးမြို့‬
https://www.facebook.com/CNMyanmar/

စစ်ကိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ထဲက မောက္ကတော်ရွာမှာ ဓမ္မစေတီခေါင်းလောင်းပေါ်မယ်ဆိုလို့ လာရောက်ကြည့်ရှုတဲ့ ပြည်သူတွေ များပြားနေပါတယ်။

အဲဒီနေရာက မြင်ကွင်းတွေကို ပြည်သူအများ သိရှိနိုင်ဖို့ ကလေးမြို့အခြေစိုက် Central News Myanmar သတင်းထောက် ကိုစည်သူထွန်းက သွားရောက် ရိုက်ကူးထားပါတယ်။

ချင်းတွင်မြစ်တွင် ဓမ္မစေတီခေါင်းလောင်း ပေါ်မယ်ဆိုလို့ လာရောက်ကြည့်ရှုသူတွေထဲ ဦးခင်ညွန့်လည်းပါဝင်  ချင်းတွင်မြစ်တွင် ဓမ္မစေတီခေါင်းလောင်း ပေါ်မယ်ဆိုလို့ လာရောက်ကြည့်ရှုသူတွေထဲ ဦးခင်ညွန့်လည်းပါဝင် Reviewed by THITHTOOLWIN on 18:36 Rating: 5
Powered by Blogger.