ယာဉ်ရပ်နားစခန်းပြင်ပတွင် ဂိတ်ခန်များတွင် ဆိုက်ရောက်ထွက်ခွါသည့် စည်းကမ်းမဲ့ယာဉ်များအား အရေးယူ


ဇူလိုင် ၁၃ ။

အဝေးပြေး ခရီးသည်တင် ယာဉ်များသည် ယာဉ်ရပ်နားစခန်းပြင်ပ ဂိတ်ခန်းများတွင် ဆိုက်ရောက် ထွက်ခွာခြင်း များမပြုလုပ်ရန် ပညာပေးကာလ ကုန်ဆုံးပြီဖြစ်၍ ယင်းကဲ့ သို့ စည်းကမ်းနှင့် မညီညွတ်သည့် ယာဉ်လိုင်း ဂိတ်များ အားအရေးယူ လျက်ရှိရာ ဇူလိုင် ၁၃-ရက်နေ့က သီရိမန္တလာကားကွင်း ပြင်ပလူနေ တိုက်ခန်းများမှ ဂိတ်ခန်းများမှစည်း ကမ်းမဲ့ယာဉ် ၂၄-စီး အရေးယူခဲ့ကြောင်းသိရသည်။

အဝေးပြေးယာဉ်လိုင်းများယာဉ်ဂိတ်များသည် သက်ဆိုင်ရာယာဉ်ရပ်နားစခန်းပြင်ပတွင် လက်မှတ်ရောင်းချခွင့်သာရှိပြီးဆိုက် ရောက် ထွက်ခွာခြင်းမပြုရဟုစည်းကမ်း သတ်မှတ် ထားခြင်းဖြစ်သည်။

"သက်ဆိုင်ရာ ကားကွင်းတွေမှာပဲ ခရီးသည် အတင်အချနဲ့ ရပ်နားခွင့်ရှိတယ်။ လက်မှတ် ရောင်းဂိတ်ခန်းတွေမှာ ခရီးသည်အတင် အချလုပ်တာတွေကို အရေးယူတာပါ။နောက် တစ်ခုက ရပ်ကွက်နေ ပြည် သူတွေကလည်း တိုင်စာတွေ ပို့ထားတယ်။ စည်းကမ်းနဲ့မညီရင် အရေးယူမှု တွေ ဆက်လုပ်သွားမှာပါ။"ဟု ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(အဝေးပြေး) ဥက္ကဌဦးအောင်ကျော်လင်းက ပြောသည်။

မန္တလေးမြို့အတွင်း အဝေးပြေး ယာဉ်များ ရပ်နား၍ခရီးသည်အတင်အချပြုလုပ်ရန် မြို့တော်စည်ပင်မှ ယာဉ်ရပ်နားစခန်း(၅)ခုတွင် နေရာပေးထားပြီး ယာဉ်လိုင်း လျှောက်ထား စဉ် ကတည်းကသက်ဆိုင်ရာယာဉ်ရပ်နားစခန်း များတွင် ဂိတ်ခန်းနေရာရ ရှိမှသာယာဉ်လိုင်း ပြေးဆွဲခွင့်ရှိကြောင်း၊မြို့တွင်း လူနေရပ်ကွက် များ တွင်အဝေးပြေးယာဉ် လိုင်းများခရီးသည် တင် ဆိုက်ရောက်ထွက် ခွာပြုလုပ်ခြင်းသည် စည်းကမ်းနှင့် မညီကြောင်းသိရသည်။

"အဝေးပြေးယာဉ်တွေက မိမိတို့သတ်မှတ်ပေးတဲ့ ယာဉ်ရပ်နားစခန်းမှာခရီးသည်အတင်အချမ လုပ်ဘဲ သီရီမန္တလာကားကွင်းပြင်ပမှာ လုပ်နေ လို့ ဒီနေ့အရေးယူခဲ့တဲ့အစီးရေ က ၂၄-စီးရှိ တယ်။ဆက်လက်စစ်ဆေးအရေးယူ သွား မှာဖြစ်လို့ ကိုယ်နဲ့သက်ဆိုင်တဲ့ကားကွင်း ဂိတ်ခန်းတွေမှာ ခရီးသည် အတင်အချလုပ်ဖို့ လိုပါတယ်။"ဟု စစ်ဆေးရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ဆေးအရေးယူရာတွင် မြို့တော်စည်ပင်၊ ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ၊ ယာဉ် ရပ်နား စခန်းအလိုက်ဖွဲ့စည်းထားသည့် စည်း ကမ်းထိန်းသိမ်းရေး ကော်မတီဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် အရေးယူခဲ့ရာဇူလိုင် ၁-ရက်မှ ၁၃-ရက်နေ့အထိ အစိးရေ၂၀၀-ကျော်ရှိ ကြောင်းသိရသည်။

Mandalay News
ယာဉ်ရပ်နားစခန်းပြင်ပတွင် ဂိတ်ခန်များတွင် ဆိုက်ရောက်ထွက်ခွါသည့် စည်းကမ်းမဲ့ယာဉ်များအား အရေးယူ  ယာဉ်ရပ်နားစခန်းပြင်ပတွင် ဂိတ်ခန်များတွင် ဆိုက်ရောက်ထွက်ခွါသည့် စည်းကမ်းမဲ့ယာဉ်များအား အရေးယူ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.