ပုလဲ ဇူလိုင် ၆
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ကံကြီးကျေးရွာတွင် ဖခင်ဖြစ်သူထံမှ ဆိုင်ကယ် ဝယ်ရန် ပိုက်ဆံတောင်းမရ၍ သားဖြစ်သူ မျိုးမင်းထိုက်(၂၅ နှစ်) (ဓာတုဗေဒ) ဒုတိယ နှစ်ကျောင်းသားသည် ဇူလိုင် ၆ ရက် နံနက် ၉ နာရီခွဲက နေအိမ်ဝင်း အနောက်ဘက်ရှိ စပါးကျီထားသိုရာနေရာတွင် သီးနှံပိုးသတ်ဆေးသောက်ပြီး ပါးစပ်မှ အမြှုပ်များထွက်ကာ လဲကျနေသည်ကို ဖခင်ဖြစ်သူ ဦးမောင်သိန်းက တွေ့ရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ကာ အရေးပေါ်ကုသမှုခံယူနေစဉ် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ပုလဲမြို့နယ် ချင်ပြစ်ရဲစခန်းမှူး ရဲအုပ်ကျော်ဝင်း နှင့်တပ်ဖွဲ့ဝင်များက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဆိုင်ကယ်ဝယ်ရန် ပိုက်ဆံတောင်းမရ၍ ပိုးသတ်ဆေးသောက်သေဆုံး
Reviewed by THITHTOOLWIN
on
08:44
Rating:
