ဘရိတ်အုပ်စဉ် လမ်းချော်၍ ယာဉ်သုံးစီးဆင့်ကဲတိုက်


ဖူး ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျ ၀တီမြို့ ရန်ကုန် - မ္တလေး ပုံမှန်ကားလမ်း မိုင်တိုင်အမှတ် ၁၄၅/၂ နှင့် ၁၄၅/၃ အကြား ဇေယျဝတီမြို့မ(၁) ဒီမိုရပ်ကွက်၌ ဇွန် ၃၀ ရက်က ယာဉ်သုံးစီး ဆင့်ကဲ တိုက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မြောက်မှတောင်သို့ ဦးဇော်သန်းဦး(၄၂ နှစ်) ဘိုကုန်းရပ်ကွက် ပျဉ်းမနားမြို့နေသူ မောင်းနှင်သည့် 2C/---- ၁၂ ဘီး ကုန်တင်ယာဉ်သည် ယာဉ်ကြောရှေ့မှ သွားနေသော စက်ဘီးကို ရုတ်တရက်မြင်တွေ့လိုက်၍ ဘရိတ်အုပ်လိုက်ရာ လမ်းချော်ပြီး ဆန့်ကျင်ဘက် ယာဉ်ကြောသို့ ရောက် သွားစဉ် တောင်မှ မြောက်သို့ ဦးကျော် ကျော်လင်း (၃၈ နှစ်) (၆/၉)ရပ်ကွက် ရွှေပြည်သာမြို့နယ်နေသူ မောင်းနှင် သည့် 3H/---- ရှစ်ဘီး ဒီဇယ် ဘောက်ဆာယာဉ်ခေါင်းကို ပွတ်တိုက်မ ကာ ဗာဒံပင်ကို ဝင်တိုက်မိခဲ့သည်။

ထို့နောက် ဦးဇော်သန်းဦး မောင်းနှင် သည့် 2C/---- ယာဉ်ကို နောက်မှ မောင်းနှင်လာသော ယာဉ်မောင်း (အမည်/နေရပ် စုံစမ်းဆဲ) မောင်းနှင် သည့် 9H/---- ၁၂ ဘီး ကုန်တင်ယာဉ်က အရှိန်ဖြင့် ဦးဇော်သန်းဦး၏ 2C/---- ယာဉ်ကို ဝင်တိုက်ခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဦးကျော်ကျော် လင်း (အတွင်းလူနာ/မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးဇော်သန်းဦးကို ဇေယျဝတီရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဖြူး-မြင့်ဦး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဘရိတ်အုပ်စဉ် လမ်းချော်၍ ယာဉ်သုံးစီးဆင့်ကဲတိုက်  ဘရိတ်အုပ်စဉ် လမ်းချော်၍ ယာဉ်သုံးစီးဆင့်ကဲတိုက် Reviewed by THITHTOOLWIN on 08:08 Rating: 5
Powered by Blogger.