နေအိမ်အတွင်း ၀င်ရောက်ခိုးယူသူအား အိမ်ရှင်မှရဲတပ်ဖွဲ့သို့သတင်းပေးမှုကြောင့် အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိ


ရန်ကုန်၊ ဇူလိုင် ၂၃

မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးဗိုလ်ကြည်သောင်း၏ နေအိမ်အတွင်းသို့ ၀င်ရောက်ခိုးယူနေကြောင်း လုံခြုံရေးကင်မရာမှ တဆင့်သိရှိရပြီး အိမ်ရှင်မှ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်သူ(၂)ဦးအား အခင်းဖြစ်နေရာတွင် လက်ရဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်မှာ ၁၁.၇.၂၀၁၆ ရက်နေ့ ၂၄၀၀ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးဗိုလ်ကြည်သောင်းသည် မိသားစုနှင့်အတူအိပ်ယာဝင်ခဲ့ကြောင်း၊ ၁၂.၇.၂၀၁၆ ရက်နေ့ ၀၁၁၀ အချိန်ခန့်တွင် အ၀တ်အထည်များထည့်ထားသော ခရီးဆောင်သေတ္တာအိတ်(၂)လုံး၊ ခရီးဆောင်အ၀တ်အိတ်(၁)လုံးတို့မှာ ပျောက်ဆုံးနေသည်ကိုသိရှိရပြီး နေအိမ်တွင်တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာအား စောင့်ကြည့်ခဲ့ရာ ၁၃.၇.၂၀၁၆ရက်နေ့၀၁၃၀ အချိန်တွင် ပစ္စည်းများ ထပ်မံလာရောက်ခိုးယူနေသည်ကို တွေ့ရှိရသဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ခိုးမှုကျူးလွန်သူများအား ၀ိုင်းဝန်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဖမ်းဆီးရမိသူ ကျော်ဆန်းဝင်းနှင့် ဇော်မင်းထိုက်တို့(၂)ဦးအား စစ်ဆေးခဲ့ရာ ကျော်ဆန်းဝင်းသည် ယခင်က ခိုးမှုဖြင့်ပြစ်ဒဏ်ကျခံနေစဉ် ၂၅.၅.၂၀၁၆ ရက်နေ့တွင် ရဲဘက်စခန်းမှ ထွက်ပြေးလာသူဖြစ်ကြောင်း၊ ၎င်းသည် ၂၀၁၆ခုနှစ်၊ ဇွန်လအတွင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ဆိုင်ခန်းအနီး ရပ်ထားသော လျှပ်စစ်စက်ဘီး(၁)စီးနှင့် လက်ကိုင်ဖုန်း(၁)လုံးတို့အား လည်းကောင်း၊ ထက်ထက်ထွန်း(ခ)ပုသိမ်းသားနှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းရှိ အဆောက်အအုံအတွင်း၌ အိပ်ပျော်နေ
သူ အမျိုးသား(၂)ဦး၏ဘေးမှ လက်ကိုင်ဖုန်း(၂)လုံး၊ အ၀တ်အစားများ ထည့်ထားသော ကျောပိုးအိတ်(၁)လုံးတို့အားလည်းကောင်း၊ လသာမြို့နယ်၊ (၁၉)လမ်းရှိ မုန့်ဆိုင်တစ်ဆိုင်သို့သွားရောက်၍ ဆိုင်ရှင်အလစ်တွင် လက်ကိုင်ဖုန်း(၁)လုံး၊ မုန့်ပုံး(၁)ပုံး တို့အားလည်းကောင်း၊ ဇူလိုင်လအတွင်းက အလုံမြို့နယ်၊ ကမ်းနားလမ်းရှိ ဓါတ်ဆီဆိုင်အနီးတွင် ရပ်ထားသော စက်ဘီး(၁)စီးနှင့် စမ်းချောင်းမြို့နယ်၊ ခရစ်ယာန်ဘုရားကျောင်းအနီးရှိ နေအိမ်အတွင်းမှ လက်တော့ကွန်ပျူတာ(၁)လုံး၊ လက်ကိုင်ဖုန်း(၁)လုံးနှင့်ငွေကျပ်(၁)သိန်းတို့အား ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ ၎င်းတို့ခိုးယူခဲ့သော သက်သေခံပစ္စည်းများပြန်လည် သိမ်းဆည်းနိုင်ရေးနှင့် ခိုးမှုကျူးလွန်ရာတွင်ပါဝင်ပြီး လွတ်မြောက်နေသူ ထက်ထက်ထွန်း(ခ)ပုသိမ်းသားအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဖမ်းဆီးရမိသူကျော်ဆန်းဝင်းနှင့် ဇော်မင်းထိုက်တို့ (၂)ဦးအား အမှုများရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
နေအိမ်အတွင်း ၀င်ရောက်ခိုးယူသူအား အိမ်ရှင်မှရဲတပ်ဖွဲ့သို့သတင်းပေးမှုကြောင့် အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိ  နေအိမ်အတွင်း ၀င်ရောက်ခိုးယူသူအား အိမ်ရှင်မှရဲတပ်ဖွဲ့သို့သတင်းပေးမှုကြောင့် အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 13:55 Rating: 5
Powered by Blogger.