![]() |
ချင်းတွင်းမြစ်ရေကြောင့် မော်လိုက်မြို့ စွယ်တော်ရပ်ကွက်မှာ ရေကြီးပြီး ကမ်းပါးပြိုကျနေတာကို တွေ့ရစဉ်။ Photo:Sagaing Regional lnformation Page |
ခန္ဓီးမြို့ မင်္ဂလာဈေးရပ်ကွက်၊ ပေါမိုင်းရပ်ကွက်နဲ့ မြို့မ ရပ်ကွက်က အိမ်ခြေတချို့ ရေမြုပ်နေပြီး အခုလိုရေမြုပ်တာ တစ်လအတွင်း ၃ ကြိမ်ရှိပြီလို့ ဒေသခံ ဦးအုန်းလွင်က ပြောပါတယ်။
အလားတူ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်း မော်လိုက်၊ ဟုမ္မလင်း၊ ကလေးဝမြို့နယ်တွေ မှာ ရေကြီးမှုတွေဖြစ်ပေါ်နေပါတယ်။
ငဝန်မြစ်ရေဟာ ဧရာဝတီတိုင်းအတွင်း စိုးရိမ်ရေမှတ်ထက် တစ်ပေကျော်မြင့်တက်နေပြီး ငသိုင်းချောင်းမြို့နယ်ရဲ့ တာရိုးပြင်ပမှာ နေထိုင်သူတွေရဲ့ နေအိမ်တွေရေကြီးနစ်မြုပ်နေပြီ ဖြစ်ပါတယ်။
အဲ့ဒီလို တာရိုးပြင်ပမှာ နှစ်စဉ် ရေမြုပ်နေတာဖြစ်ပြီး အဲ့ဒီနေရာတွေမှာ ယာလုပ်ကိုင်သူတွေ နေထိုင်ကြတာဖြစ် တယ်လို့ ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွှန့်က ပြောပါတယ်။
ငသိုင်းချောင်းမြို့နယ်တွင်း ငဝန်မြစ်ရေရဲ့ စိုးရိမ်ရေမှတ်ကို ၂၇ ပေ သတ်မှတ်ထားပြီး လက်ရှိမှာ ၂၈ ဒသမ ဝ၇ ပေ ရောက်ရှိနေတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်ကျော်နေ
Reviewed by THITHTOOLWIN
on
18:38
Rating:
