![]() |
တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ဘက်က ဆောက်လုပ်နေတဲ့ ကျွန်းတု တစ်ခု (Credit: Reuters) |
ဆွေးနွေးပွဲလုပ်မယ်ဆိုတာကို ဖိလစ်ပိုင်က ပယ်ချတာထက် ဆွေးနွေးပွဲအတွင်း ကုလသမဂ္ဂ နိုင်ငံတကာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အကြောင်း ဆွေးနွေးမှာ မဟုတ်ဘူးလို့ တရုတ်ဘက်ကနေ ကြိုတင်ပြောဆိုထားတာကို မကျေနပ်လို့ ဖိလစ်ပိုင်က ကမ်းလှမ်းချက်ကို ပယ်ချလိုက်တာ ဖြစ်ပါတယ်။
မွန်ဂိုးလီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံနဲ့ ဥရောပ ခေါင်းဆောင်များ ညီလာခံကို တက်ရောက်စဉ်အတွင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ဖိလစ်ပိုင် အစိုးရ ကိုယ်စားလှယ်ကို တွေ့ဆုံဆွေးနွေးကြဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တရုတ်အစိုးရက ခုံရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် အမျက်ဒေါသ ထွက်နေသလို ဆုံးဖြတ်ချက်တွေကို လက်မခံနိုင်ဘူးလို့ ပြောဆိုနေပါတယ်။
ဖိလစ်ပိုင်ကလည်း ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ဖိလစ်ပိုင် ပြည်သူတွေက စိတ်ဝင်စားတဲ့အတွက် အဲဒီ ကိစ္စကို မဆွေးနွေးရဘူးဆိုရင် တရုတ်နဲ့ မဆွေးနွေးနိုင်ဘူးလို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်က နိုင်ငံတကာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ တဆင့်ပြီးတဆင့် တရုတ်ကို သွေးတိုးစမ်းတာမျိုး လုပ်ဆောင်တဲ့အနေအထား ရှိနေပါတယ်။
ပထမဆုံး ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာကို ဖိလစ်ပိုင် ငါးဖမ်းသမားတွေ သွားရောက်ခဲ့ပေမယ့် တရုတ်ကမ်းခြေစောင့်တပ်တွေရဲ့ နှင်ထုတ်မှုကို ခံခဲ့ရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
တရုတ်ရဲ့ ကမ်းလှမ်းချက်ကို ဖိလစ်ပိုင် ပယ်ချ
Reviewed by THITHTOOLWIN
on
16:53
Rating:
