![]() |
နွားဖမ်းသည့်ကိစ္စနှင့်ပက်သက်၍ ညီအစ်ကိုချင်း ဓားထိုးမှုဖြစ်၍ ညီဖြစ်သူသေဆုံး |
ဖြစ်စဉ်မှာ ဇူလိုင် ၁၇ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်က ဦးထွန်းသိန်း၊ အင်းပက်လက်ကျေးရွာ၊ ဆင်ပေါင်ဝဲမြို့နယ် နေသူသည် နေအိမ်တွင် ဇနီးဖြစ်သူ ဒေါ်သန်းဝင်း၊ သားငယ်ဖြစ်သူ ဇော်မျိုးအောင် နှင့်အတူရှိနေစဉ် နေအိမ်တစ်ဝိုင်းတည်းတွင် အိမ်ခွဲနေထိုင်သော သားကြီးဖြစ်သူ ဝင်းဇော်ဦးမှ ၎င်းမွေးထားသော တစ် နှစ်ခွဲခန့်ရှိ နွားထီးတစ် ကောင်ကြိုးလွတ်နေ၍ ၎င်း၏တူမဖြစ်သူ မအေးမြမွန်၊အသက်လေး နှစ်အား ဖမ်းပေးရန်ပြောရာ မအေးမြမွန်မှ နွားအားဖမ်းမပေး၍ ဝင်းဇော်ဦး မှ မအေးမြမွန်၏ တင်ပါးအား လက်ဝါးဖြင့်ရိုက်ရာ ဇော်မျိုးအောင်မှ “ ဘာလို့ရိုက်တာလဲ” ဟုမေးရာ ဝင်းဇော်ဦး မှ “ ရိုက်တော့ဘာဖြစ်လဲ “ ဟုပြောဆိုပြီး ဦးထွန်းသိန်းနေအိမ်ပေါ်ပြေးတက်ကာ နေအိမ်အတွင်းရှိ မီးဖိုထရံတွင် ထိုးထားသော အရိုးအသွား ၁၃ လက်မခွဲခန့်ရှိ ဓါးဦးချွန်တစ် ချောင်းအားဆွဲယူ၍ ဇော်မျိုးအောင်အားထိုးရာ ဇော်မျိုးအောင်တွင် ဝဲဘက်နံအောက်တွင် တစ် လက်မခွဲခန့်ထိုးသွင်းဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းတရားလို၏တိုင်ကြားမှုအရသိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပက်သက်၍ ဓါးဖြင့်ထိုးသူ ဝင်းဇော်ဦး အားအရေး ယူပေးရန် ဦးထွန်းသိန်းမှ တရားလိုပြုတိုင်ကြားခဲ့သောကြောင့် ဆင်ပေါင်ဝဲမြို့နယ်၊ကိုးပင်နယ်မြေရဲစခန်းမှ (ပ)၂၃၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ညီအစ်ကိုချင်း ဓားထိုးမှုဖြစ်၍ ညီဖြစ်သူသေဆုံး
Reviewed by THITHTOOLWIN
on
21:18
Rating:
