8.7.2016 8:15am ဇူလိုင်လ (၈)ရက်နေ့ ယနေ့ နံနက် (၈)နာရီ (၁၅)မိနစ်ခန့် က မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ခရုံဂူ ကျောက်မိုင်းအနီး မော်လမြိုင် - ဖားအံ ကားလမ်းမကြီး တွင် ကားနှင့်ဆိုင်ကယ်တိုက်မှု့ ဖြစ်ပွားခဲ့။ ကိုယ်ဝန်သည် အမျိုးသမီး ၁ ဦး ဘယ်ဘက် ခြေထောက်ကျိုး၍ ၁ ဦးမှာ အခင်းဖြစ်နေရာ တွင် သေဆုံးခဲ့သည်။
ဒဏ်ယာရလူနာ (မ) တစ်ဦးအား ဘိုဘိုဝင်း အရေးပေါ် ကယ်ဆယ်ရေး လူနာတင်ယာဉ်ဖြင့် မော်လမြိုင် ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးပြီး သေဆုံးသူအား မွန်မြတ်သောနှလုံးသား ပိုင်ရှင်များ အသင်းယာဉ်ဖြင့် ကူညီပို့ဆောင် ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်း/ဓါတ်ပုံ - ဘိုဘိုဝင်း RESCUE
ခရုံဂူယာဉ်တိုက်မှု့ တစ်ဦးသေ ကိုယ်ဝန်သည် တစ်ဦးခြေကျိုး
Reviewed by THITHTOOLWIN
on
16:17
Rating:
