![]() |
( ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ်တယ်ဆိုပြီး ထောင်ဒဏ်ချမှတ်လိုက်တဲ့ ၃ ဦးကို ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ရစဉ် ) Photo: Tun Kyi |
၃ ဦးထဲက ကျောက်ဖြူမြို့သား ကိုမောင်အေးကို ထောင်ဒဏ် ၂ နှစ်နဲ့ ကျန်နှစ်ဦးကို ထောင်ဒဏ် ၃ နှစ်စီအမိန့်ချမှတ်လိုက်တာလို့ အမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ ရှေ့နေ ဦးတင်မြင့်က ပြောပါတယ်။
ကိုမောင်အေးဟာ ရက္ခိုင့်တပ်မတော် AA အတွက် ကူညီပံ့ပိုးနေသူဖြစ်သလို ကျန် ၂ ဦးကတော့ AA တပ်ဖွဲ့ဝင်တွေလို့ တရားသူကြီးက သုံးသပ်ပြီး ဒီနေ့ အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ ရှေ့နေ ဦးတင် မြင့်က ပြောပါတယ်။
ဒီနေ့ အမိန့်ချမှတ်ခံရတဲ့ ကိုမောင်အေးဟာ ကျောက်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဌဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၁ ရက်နေ့က ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာက နေအိမ်မှာ အခြားနှစ်ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
သူတို့သုံးဦးကို ကျောက်ဖြူမြို့မှာရှိတဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
AA နဲ့ ဆက်သွယ်သူ ၃ ဦးကို ထောင်ဒဏ် ၃ နှစ်စီအထိ ချမှတ်
Reviewed by THITHTOOLWIN
on
16:42
Rating:
