TNLA လက်နက်ကိုင်အဖွဲ့မှ ခရီးသည်မှန်လုံယာဉ်များထံမှ ခြိမ်းခြောက်ငွေတောင်းခံ

ဇွန်-၉၊ ၂၀၁၆

ယနေ့နံနက် ၆ နာရီခွဲအချိန်တွင် ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၃၇/၂)နှင့် (၂၃၇/၃)ကြားတွင် သေနတ် ကိုယ်စီကိုင်ထားသော TNLA/PSLF ပလောင်တပ်သား အင်အား ၅၀ ဦးခန့်သည် မူဆယ်မြို့မှဆင်းလာသော ခရီးသည်များတင်ဆောင်လာသည့် မှန်လုံယာဉ် ၃ စီးအား တစ်စီးလျှင် (၁)သိန်းကျပ်စီ ခြိမ်းခြောက်၍ ငွေကောက်ခံသွားကြောင်း သိရှိရသည်။
ယင်းသတင်းကြောင့် လားရှိုးမြို့ မှ မူဆယ်မြို့သို့ ခရီးသွားလာကြမည့် မော်တော်ယာဉ်များနှင့် ခရီးသည်များ စိုးရိမ်ထိတ်လန့်လျှက်ရှိပြီး ဂိတ်အချို့မှ ခရီးသည်ကားများ ယနေ့ မူဆယ်မြို့သို့ မထွက်ကြောင်း သိရသည်။

Lashio Media

၂၀၁၅ခုနှစ် ဧပြီ ၂၉ ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်လွန်းကျေးရွာအနီး ပြည်ထောင်စုလမ်းမပေါ်တွင် TNLA ပလောင်လက်နက်ကိုင်အဖွဲ့မှ လမ်းပိတ်ဆို့၍ ခရီးသည်ကားများနှင့် အိမ်စီးကားများထံမှ အတင်းအကျပ် ဆက်ကြေးကောက်ခံနေသည့်ပုံဖြစ်သည်)

TNLA လက်နက်ကိုင်အဖွဲ့မှ ခရီးသည်မှန်လုံယာဉ်များထံမှ ခြိမ်းခြောက်ငွေတောင်းခံ TNLA လက်နက်ကိုင်အဖွဲ့မှ ခရီးသည်မှန်လုံယာဉ်များထံမှ ခြိမ်းခြောက်ငွေတောင်းခံ Reviewed by THITHTOOLWIN on 16:50 Rating: 5
Powered by Blogger.