Singapore Airlines (SIA) လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ချန်ဂီလေဆိပ်တွင် အရေးပေါ်ဆင်းသက်စဉ်မှာ မီးလောင်မှုဖြစ်ပွား



စင်္ကာပူလေကြောင်းလိုင်း (SIA) မှ လေယာဉ်အမှတ် SQ368 သည် ယနေ့ ၂၇.၆.၂၀၁၆ တနင်္ဂလာနေ့ နံနက် ၆နာရီ ၅၀ မိနစ်ခန့်က ချန်ဂီလေဆိပ်သို့ အရေးပေါ်ဆင်းသတ်မှု ပြုလုပ်စဉ်မှာ လေယာဉ်၏ ညာဘက်အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ လေယာဉ်ကွင်းရှိ အရေးပေါ်မီးသတ်ဌာနမှ တာဝန်ရှိသူများက အဆိုပါမီးလောင်မှုကို ထိမ်းချုပ်နိုင်ခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည် ၂၂၂ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၉ ယောက် တို့ တစ်ဦးတစ်ယောက်မှ ဒဏ်ရာ အနာတရ မရရှိခဲ့ဘူးလို့ သိရပါတယ်။




ဖြစ်စဉ်မှာ လေယာဉ်အမှတ် SQ368 သည် စင်္ကာပူနိုင်ငံချန်ဂီလေဆိပ်မှ အီတလီနိုင်ငံ မီလန်မြို့ သို့ ၂၇.၆.၂၀၁၆ တနင်္ဂလာနေ့နံနက် ၂နာရီ ၅ မိနစ်က ပျံသန်းထွက်ခွာသွားခဲ့ပါတယ်။ အချိန် ၂ နာရီခွဲခန့်အကြာ မောင်းနှင်ပြီးနောက် လေယာဉ်မှ လေယာဉ်ဆီများ စိမ့်ထွက်နေခဲ့တဲ့အတွက် ချန်ဂီသို့ ပြန်လှည့်လာခဲ့ရပြီး အရေးပေါ် ဆင်းသက်စဉ်မှာ ယခုလို မီးလောင်မှု ဖြစ်ပွားသွားခဲ့ကြောင်း လေယာဉ်ပေါ်တွင်လိုက်ပါစီးနှင်းခဲ့သော ခရီးသွားတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

Ref: CNA
စလုံး Page

www.facebook.com/SaloneCollection

Singapore Airlines (SIA) လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ချန်ဂီလေဆိပ်တွင် အရေးပေါ်ဆင်းသက်စဉ်မှာ မီးလောင်မှုဖြစ်ပွား Singapore Airlines (SIA) လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ချန်ဂီလေဆိပ်တွင် အရေးပေါ်ဆင်းသက်စဉ်မှာ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:08 Rating: 5
Powered by Blogger.