နိုင်ငံတော် ဧည့်ဂေဟာဝင်း အတွင်းရှိ Royal Ace Hotel ၌ နိုင်ငံခြားသားတဦး သေဆုံး


နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ နိုင်ငံတော် ဧည့်ဂေဟာဝင်း အတွင်းရှိ Royal Ace Hotel ၌ အသက် (၅၉) နှစ်အရွယ် အိန္ဒိယနိုင်ငံသားတဦး ဇွန် ၂၉ ရက်နေ့ညက သေဆုံးလျှက် တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ Royal Ace Hotel ပုဂံဆောင်၊ အခန်းအမှတ် (၁၆၃၃) တွင် တည်းခိုသော နိုင်ငံခြားသားတဦး သေဆုံနေကြောင်း ဒက္ခိဏသီရိမြို့မရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ် တိုင်တန်းသဖြင့် စခန်းမှူး ရဲအုပ် ကျော်ခိုင်၊ ဒု-ရဲအုပ် ဝေယံအောင်တို့ သွားရောက်စစ်ဆးရာ အိန္ဒိယနိုင်ငံသား စိုက်ပျိုးရေး ပညာရှင် မစ္စတာ Nageswara Rao Vajaha (ပတ်စပို့နံပါတ်-H3673663) သည် အခန်းတွင်းရှိ ကုတင်ပေါ်၌ ကန့်လန့်ဖြတ် ပက်လက်လှန် အနေအထားဖြင့် နှာခေါင်းမှသွေးများ ယိုစီးလျှက် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။


 မစ္စတာ Nageswara Rao Vajaha မှာ ဖိတ်ကြားချက်အရ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဋ္ဌာနမှ ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ဇွန် ၂၇ ရက်က အဆိုပါ ဟိုတယ်သို့ရောက်ရှိခဲ့၍ ဇွန် ၂၈ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဇွန် ၂၉ အစည်းအဝေးသို့ တက်ရောက်ခြင်းမရှိသဖြင့် ၎င်းနှင့်အတူ အစည်းအဝေး တက်ရောက်လျှက်ရှိသော ဗြိတိန်နိုင်ငံသား မစ္စတာ စတီဗင်ဒေးဗစ်နှင့် ဟိုတယ်မှ ဧည့်ကြိုဝန်ထမ်းတဦးတို့ မွန်းလွဲ ၃ နာရီခန့်က သွားရောက်ကြည့်ရှုရာ သေဆုံးလျှက် တွေ့ရှိခဲ့ရသည် ဟုဆိုသည်။

 ၎င်းသေဆုံးမှုကို သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၆ ဖြင့် အမှုဖွင့်အရေးယူထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နိုင်ငံတော် ဧည့်ဂေဟာဝင်း အတွင်းရှိ Royal Ace Hotel ၌ နိုင်ငံခြားသားတဦး သေဆုံး   နိုင်ငံတော် ဧည့်ဂေဟာဝင်း အတွင်းရှိ Royal Ace Hotel ၌ နိုင်ငံခြားသားတဦး သေဆုံး Reviewed by THITHTOOLWIN on 10:26 Rating: 5
Powered by Blogger.