MS804 လေယာဉ် မှတ်တမ်း အချက်ပေးမှုကို ပြင်သစ်ဖမ်းမိ

ပျက်ကျလေယာဉ်ရဲ့ မှတ်တမ်းကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ (Credit: ABC licensed) 
မြေထဲပင်လယ်ထဲ ​ပျက်ကျသွားတဲ့ ​MS804 ​လေယာဉ်ရဲ့ ​မှတ်တမ်း ​black ​boxes ​တွေရဲ့ ​အချက်ပြ ​အသံကို ​ပြင်သစ် ​ရေတပ် ​သင်္ဘောက ​ကြားမိတယ်လို့ ​စုံစမ်းရေးအဖွဲ့က ​ပြောပါတယ်။

ရေနက်ပိုင်းက ​အသံတွေကို ​ကြားရတဲ့ ​ကိရိယာကို ​နားဆင်နိုင်တဲ့ ​ပြင်သစ် ​ရေတပ် ​သင်္ဘောက ​အသံကို ​ဖမ်းမိထားတာ ​ဖြစ်ပြီး ​လေယာဉ်မှတ်တမ်း ​ရှိမယ့် ​နေရာကို ​စုံစမ်းပြီး ​ဆယ်ယူဖို့ ​ကြိုးစားမှာ ​ဖြစ်ပါတယ်။

ရေအောက် ​မီတာ ​၃၀၀၀ ​လောက်မှာ ​ရှိနိုင်တဲ့အတွက် ​အဲဒီ ​အကွာအဝေး ​ငုတ်နိုင်တဲ့ ​ယာဉ်တွေကို ​စောင့်ဆိုင်းရမှာ ​ဖြစ်ပြီး ​နောက်တပတ်မှ ​ရှာဖွေဆယ်ယူမှု ​စတင်နိုင်မယ်လို့လည်း ​သိရပါတယ်။

လေယာဉ် ​ပျက်ကျပြီဆိုတာနဲ့ ​လေယာဉ်ပျံ ​မှတ်တမ်းတွေဟာ ​သူတို့ ​ဘယ်နေရာမှာ ​ရှိနေသလဲ ​ဆိုတာကို ​တစ်လအတွင်း ​အချက်ပြနိုင်အောင် ​စွမ်းအားတွေ ​တပ်ဆင်ပေးထားတာ ​ဖြစ်ပါတယ်။

အီဂျစ်လေယာဉ်ဟာ ​မေလ ​၁၉ ​ရက်နေ့တုန်းက ​လူပေါင်း ​၆၆ ​ယောက်နဲ့ ​ပြင်သစ်နိုင်ငံကနေ ​အီဂျစ်နိုင်ငံကို ​အသွား ​ပျက်ကျသွားတာ ​ဖြစ်ပါတယ်။

အခုအချိန်အထိ ​လေယာဉ် ​ဘာကြောင့် ​ပျက်ကျသလဲ ​ဆိုတာ ​မသိရသေးတဲ့အတွက် ​လေယာဉ် ​ပျံမှတ်တမ်းကို ​ရရှိဖို့ ​ကြိုးစားနေကြတာ ​ဖြစ်ပါတယ်။

Reuters/AFP
ABC Radio Australia
http://www.radioaustralia.net.au/burmese
MS804 လေယာဉ် မှတ်တမ်း အချက်ပေးမှုကို ပြင်သစ်ဖမ်းမိ MS804 လေယာဉ် မှတ်တမ်း အချက်ပေးမှုကို ပြင်သစ်ဖမ်းမိ Reviewed by THITHTOOLWIN on 10:25 Rating: 5
Powered by Blogger.