မြို့ နယ်ဆရာဝန်ကြီးက အထက်တန်းသူနာပြုဆရာမတစ်ယောက်ကို အကြောင်းမဲ့ ပါးရိုက်မှုနှင့် facebook ပေါ်မှ ရိုက်ခတ်သံ
ဒေါ်သန္တာဦး ( အထက်တန်း သူနာပြု )
ဇွန်လ - ၁၅ - ၂၀၁၆
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့  (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံတွင် ဇွန်လ (၁၅)ရက်နေ့ ယနေ့ နေ့လယ် ၂:၄၅ မိနစ်ခန့်တွင် မြို့ နယ်ဆေးရုံအုပ်ကြီး ဒေါက်တာကြည်ဝင်းမှ အထက်တန်းသူနာပြု ဆရာမ ဒေါ်သန္တာဦးအား အကြောင်းမဲ့ စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိဘဲ ဆေးရုံဝန်ထမ်းများနှင့် လူနာများရှေ့တွင် ပါးရိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါသည်။
ပုလဲမြို့  ပြည်သူ့ဆေးရုံဝန်ထမ်းများ
ဖြစ်စဉ်မှာ သူနာပြု ဆရာမတစ်ဦးမှ ဒေါက်တာကြည်ဝင်း၏ အကျင့်ပျက်ခြစားမှုကို facebook ပေါ် တင်ရာမှ အစပြု ခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။
 ထိုဖြစ်စဉ်အား ဒေါက်တာကြည်ဝင်းက မကျေနပ်၍ အစည်းအဝေးခေါ်ရာတွင် ဒေါ်သန္တာဦးသည် မိမိ၏ ဂျူ တီမဟုတ်သော်လည်း ဆေးရုံသို့ လာရောက်ခဲ့ပါသည်။
 မြို့ နယ်လက်ထောက်ဆရာဝန် ဒေါက်တာစုစုလှိုင်အား မိမိအိမ်သို့ လာရောက်ရန် မြို့ နယ်ဆရာဝန်ကြီးက ခေါ်ဆိုရာ ဒေါက်တာစုစုလှိုင်က အများကိစ္စဖြစ်သည့်အတွက် ဆေးရုံ ရုံးခန်းတွင်သာ အစည်းအဝေးထိုင်ရန် ဖုန်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။
ပုလဲမြို့  ပြည်သူ့ဆေးရုံဝန်ထမ်းများ
 ထိုအချိန်တွင် ဒေါက်တာကြည်ဝင်းသည် ဆေးရုံ ရုံးခန်းသို့ ရောက်ရှိလာပြီး စကားတစ်ခွန်းမျှ မပြောဆိုဘဲ အထက်တန်းသူနာပြု ဒေါ်သန္တာဦး၏ ပါးကို ရိုက်၍ မိမိအိမ်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ယင်းကဲ့သို့ ရာထူးအရှိန်အဝါ အားကိုးကာ အောက်ခြေဝန်ထမ်းများအပေါ် အကြီးအကဲ မပီသစွာ ရိုင်းပျ စော်ကားပါသော မြို့ နယ်ဆရာဝန်ကြီးအား အရေးယူပေးနိုင်ပါရန်နှင့် အများသိစေရန် ဝေငှရေးသားအပ်ပါသည်။ ။
ဓာတ်ပုံနှင့် သတင်း
မောင်မောင်ပီ ( ပုလဲ )
Powered by Blogger.