ထိုင်းနိုင်ငံမှ ၀ိတ်ချဆေးကြောင့် ဂျပန်အမျိုးသမီး ၄ ဦးသေဆုံး


ထိုင်းနိုင်ငံက ၀ိတ်ချဆေးကိုမှာ ယူစားသုံးခြင်းကြောင့် ဂျပန်အမျိုးသမီး ၄ဦးသေဆုံးခဲ့ရပြီးသည့်နောက် ၀ိတ်ချဆေး အန္တရာယ်ရှိကြောင်း ဂျပန်အစိုးရနှင့် ဂျပန်ဆရာဝန်များအဖွဲ့က ဂျပန်ပြည်သူတွေကို သတိပေးလိုက်ပါတယ်။

 အကောင်းဆုံးဝိတ်ချနည်းလမ်းက အစားအစာကို ဆင်ခြင်စားသုံးပြီး အားကစားပုံမှန်လုပ်ခြင်းက အကောင်းဆုံးနည်းလမ်းပဲဆိုတာကို သိထားသင့်တယ် ချက်ချင်းလက်ညှင်းဝိတ်ကျမှု မသိသာသော်လည်း ဖြေးဖြေးချင်းစီနဲ့ကျပြီး ကိုယ်အင်္ဂါလည်းတောင့်တင်း ခိုင်မာစေပါတယ်လို့ ဖော်ပြထားပါတယ်။

ဝိတ်မြန်မြန်ကျအောင်ဖြတ်လမ်းနည်းဖြင့် ၀ိတ်ချဆေးသောက်တာဟာ မှားယွင်းတဲ့နည်းလမ်း မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမျက်မှောက်ခေတ်မှာ ၀ိတ်ချဆေးဟာ အင်တာနက်အွန်လိုင်းမှာလွယ်ကူစွာမှာယူနိုင်တဲ့အတွက် အထူးသတိထားသင့်ပါတယ်။


ပြီးခဲ့တဲ့ဇွန်လ ၂၄ရက်နေ့မနက်ပိုင်းတွင် ဂျပန်နာမည်ကြီး တီဗွီလိုင်းတစ်ခုမှာ ဂျပန်အမျိုးသမီးများက ထိုင်းနိုင်ငံက၀ိတ်ချဆေးများမှာ ယူစားသုံးလို့ ၄ဦးသေဆုံးပြီး အများအပြား အရေးပေါ်ဆေးရုံတင်ပို့ လိုက်ရတယ်လို့ သတင်းထုတ်လွင့်ခဲ့ပါတယ်။ ကျွမ်းကျင်ဆရာဝန်မှ ၎င်းဆေးနှမူနာကိုယူပြီး စိစစ်ကြည့်ရာမှာ ၎င်းဆေးပေါင်းစပ်မှုအထဲမှာ အန္တရာယ်ဖြစ်စေတဲ့အရာ ၃ မျိုးပါဝင် ပေါင်းစပ်ထားတယ်လို့ ပြောပါတယ်။


၎င်းအရာ၃မျိုးဟာ အမျိုးသမီးများစားသုံးခြင်းဖြင့် လက်တုန်၊ ရင်တုန်၊ နှလုံးခုန်နှုန်းမြန်၊ ၀မ်းသွား၊ တွေဝေ၊ ရှုပ်ထွေး၊ မျက်စိမှုန်ဝါး၊ အစာစားချင်စိတ်မရှိ၊ ရာသီပုံမှန်မလာ၊ တချို့အမျိုးသမီးဆိုရင်ခေါင်းမူးပြီးဆက်တိုက်အော့အန်ကာ သေဆုံးသွားခဲ့ကြပါတယ်။ ဤဆေးစားသုံးခြင်းဖြင့်ရေရှည်မှာလည်း လူ၏ကျန်းမာရေးကို အင်မတန်ထိခိုက်စေတယ်လိုလည်း ဆရာဝန်ကထည့်သွင်းပြောပါတယ်။

ဂျပန်တီဗွီရုပ်သံလိုင်းမှ ထိုင်းနိုင်ငံရှိ ဆေးအရောင်းအေဂျင်စီကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်သူ ထိုင်းအမျိုးသမီးတစ်ဦးက ၀တ်လည်ကြောင်ပတ်ပြောဆိုဖြေကြားခဲ့လို့ ဘာအချက်အလက်မှ မရရှိခဲ့ဘူးလို့ သိရပါတယ်ခင်ဗျား။

MTF Channel
https://www.facebook.com/mtftv
ထိုင်းနိုင်ငံမှ ၀ိတ်ချဆေးကြောင့် ဂျပန်အမျိုးသမီး ၄ ဦးသေဆုံး  ထိုင်းနိုင်ငံမှ ၀ိတ်ချဆေးကြောင့် ဂျပန်အမျိုးသမီး ၄ ဦးသေဆုံး Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.