အလှူဧည့်ခံပွဲတွင် ၀က်သားအစိမ်းသုတ် ကျွေးရာမှ ကူးဆက်ရောဂါပိုးဝင် သေဆုံး


Posted on 18June2016

ပြီးခဲ့တဲ့ဇွန်လ ၁၁ရက်နေ့ထိုင်းနိုင်ငံ နမ့်ခရိုင်အတွင် ထွန်ချန်မြို့ နယ် ကျေးရွာအုပ်စုမှာပြုလုပ်တဲ့ အလျူ
ပွဲမှာ ရွာသူကြီးနဲ့  လက်ထောက်တို့ လာရောက် ခဲ့ကြတဲ့ ထမင်းဝိုင်းကို ၀က်သားစင်းကော အစိမ်းသုတ် ဖြင့် ဧည်ခံခဲ့ပါတယ်။

သားစိမ်းငါးစိမ်းတွေကို သုတ်စားတတ်တဲ့ ဓလေ့ဟာ ထိုင်းနိုငံ အိစံလူမျိုးတွေ အများဆုံးစားသောက်တတ်ကြပါတယ်၊၀က်သား-သွေးနဲ့  ကလီဇာတွေကို စင်းကောကောပြီး သံမရာ ချဉ်ရေ အရွတ်တွေနဲ့ ရောနယ်ပြီး စားကြတာပါ။

နှစ်ရက်အကြာမှာ ရွှာသူကြီးနဲ့ အဖွဲ့  အော့အန် - သွေးဝမ်းတွေသွားပြီး အထက် လန်အောက်လျော ဖြစ်ခဲ့လို့ အရေးပေါ်ဆေးရုံတင်ခဲ့ရပါတယ်။
ဝက်သားစိမ်းမှာပါတဲ့ ဗက်တီးရီးယား ပိုတမျိုးကနေသွေးလမ်းကြောင်းကို စတင်ကူးဆက်တာဖြစ်ကြောင်း ဆရာဝန်တွေကပြောပါတယ်။

ဝက်သားအစိမ်းသုတ် အစားများသွားသူ သူကြီးလက်ထောက် အသက်(၅၂)နှစ် ဟာ သတိမေ့မျောသေးဆုံးသွားခဲ့ကြောင်းသိရပါတယ်၊ ထိုင်းနိုင်ငံမှာ ခုလိုသားစိမ်းတွေစားပြီး ရောဂါပိုးဝင်တာ ခုအကြိမ်ဟာ ပထမ ဆုံးမဟုတ် ပါဘူး၊ ဆူရှီ-ငါးအစိမ်းကို ချဉ်ရေနဲ့ တို့ စားသူတွေ -သွေးအစိမ်းအမဲသား အစိမ်းစတဲ့ အသားစိမ်း စာသူတွေ မကြာခဏ အဆိပ်ဖြစ်နေတာတွေ့  ရပါတယ်။

Social Action for Women - SAW
အလှူဧည့်ခံပွဲတွင် ၀က်သားအစိမ်းသုတ် ကျွေးရာမှ ကူးဆက်ရောဂါပိုးဝင် သေဆုံး  အလှူဧည့်ခံပွဲတွင် ၀က်သားအစိမ်းသုတ် ကျွေးရာမှ ကူးဆက်ရောဂါပိုးဝင် သေဆုံး Reviewed by THITHTOOLWIN on 09:12 Rating: 5
Powered by Blogger.