ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းပေါ် ယာဉ်နှစ်စီး ခေါင်းချင်းဆိုင် တိုက်မှုကြောင့် လူတစ်ဦးသေဆုံး


ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာအနီး ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းပေါ်တွင် ယာဉ်နှစ်စီး တိမ်းရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် တိုက်မိမှုကြောင့် လူတစ်ဦးသေဆုံးသွားကြောင်း သိရှိရသည်။

ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမိုင်တိုင် (၇၇/၃)နှင့် (၇၇/၄)ကြားတွင် ရန်ကုန်ဘက်မှ မော်လမြိုင် ဘက်သို့ မောင်းနှင်လာသော အပြာရောင် ၁၈ ဘီးတွဲယာဉ်နှင့် မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော အနီရောင် ၆ ဘီးယာဉ်တို့မှ ဇွန် ၁ ရက်၊ နံနက် ၇ နာရီတွင် တစ်စီးနှင့် တစ်စီး တိမ်းရှောင်ရာမှ မျက်နှာချင်းဆိုင် တိုက်မိပြီး လူတစ်ဦးသေဆုံးသည့်အပြင် နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

“ကားကြီးနဲ့ ကားလေးဆိုတော့ ၆ ဘီးကားခေါင်းခန်း ရှေ့မှာပါလာတဲ့ ၃ ဦးစလုံး ထိခိုက်ဒဏ်ရာ ရကုန်တယ်။ ဆေးရုံကို ပို့ဆောင်စဉ်မှာပဲ လမ်းမှာ တစ်ဦးသေဆုံးခဲ့ပါတယ်။ ကားနှစ်စီးစလုံး ဦးခေါင်းပိုင်းတွေ ကြေမွပျက်စီးကုန်ပြီး၊ ယာဉ်ကြီးဦးခေါင်းပိုင်းက ပိုပျက်စီးသွားပါတယ်” ဟု ဝေါမြို့နယ်ရဲစခန်းမှ တာဝန်မှူး ရဲအုပ်ကျော်မိုးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် ဒဏ်ရာရရှိသူများအား ဝေါမြို့မရဲစခန်းမှ ဝေါဆေးရုံသို့ ပို့ဆောင်ပြီး ယာဉ်မဆင်မခြင် မောင်းနှင်သော ယာဉ်မောင်းနှစ်ဦးကို ယာဉ်(ပ)၂၈/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈/ ၃၀၄(က)တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းပေါ် ယာဉ်နှစ်စီး ခေါင်းချင်းဆိုင် တိုက်မှုကြောင့် လူတစ်ဦးသေဆုံး  ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းပေါ် ယာဉ်နှစ်စီး ခေါင်းချင်းဆိုင် တိုက်မှုကြောင့် လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 16:10 Rating: 5
Powered by Blogger.