လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသော ကျောင်းသား၊ကျောင်းသူ(၇)ဦးအနက် ကျောင်းသူသုံးယောက်အလောင်းအား ရှာဖွေတွေ့ရှိ


ဇွန် ၂ / DNJ

ပုဏ္ဏားကျွန်းမြို့နယ်

ပိုးရွှီပြင်အထက်တန်းကျောင်းမှ ကျောင်သား၊ကျောင်းသူများ စီးနှင်းလာသည့် လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသော ကျောင်းသား၊ ကျောင်းသူ(၇)ဦးအနက် ကျောင်းသူသုံးယောက်၏ အလောင်းအား ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်းသိရသည်။

အဆိုပါကျောင်းသူသုံးဦးကို ဇွန်လ ၂ ရက်နေ့ နံနက်(၇)နာရီကျော်အချိန်ခန့်က ပိုးရွှီပြင်အထက်ဘက် စမ်းကားအိုင်က ရှာဖွေတွေ့ရှိထားကြောင်း ပိုးရွှီပြင်ရဲစခန်းမှ အတည်ပြုပြောကြားသည်။

“ကျောင်းသူ(၃)ဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိထားပါတယ်။ နာမည်တွေကိုတော့ မသိရသေးဘူး။(၈)တန်းနှစ်ယောက်နဲ့ (၇)တန်းတစ်ယောက်ပါ။ နောက်ကျန်နေသေးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ရှာဖွေနေပါတယ်။ ” ဟု ပိုးရွှီပြင်ကျေးရွာမှ မမိုးမိုးသန်းကပြောသည်။

ယင်းဖြစ်စဉ်မှာ ပိုးရွှီပြင်ကျေးရွာရှိ အထက်တန်းကျောင်းသို့ကျောင်းတက်ရန်ရောက်ရှိလာသည့် ကျောင်းသား၊ ကျောင်းသူ(၃၅)ဦးမှာ ဇွန်လ ၁ ရက်နေ့ ကျောင်းဆင်းချိန် နေ့လည်(၁)နာရီအချိန်က ပိုးရွှီပြင်ကျေးရွာမှ ရခိုင်ဂန့်ဂါကျေးရွာသို့ ကူးတို့စက်လှေဖြင့် ကူးကြရာတွင် လှေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ကျန်ရှိနေသေးသည့် ကျောင်းသား (၁) ဦးနှင့် ကျောင်းသူ (၃) ဦးတို့အား ဆက်လက်ရှာဖွေနေကြကြောင်း သိရသည်။

ဓာတ်ပုံ - ကျော်မြင့်ဆန်း
Development Media Group
https://www.facebook.com/DevelopmentNJ
လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသော ကျောင်းသား၊ကျောင်းသူ(၇)ဦးအနက် ကျောင်းသူသုံးယောက်အလောင်းအား ရှာဖွေတွေ့ရှိ  လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသော ကျောင်းသား၊ကျောင်းသူ(၇)ဦးအနက် ကျောင်းသူသုံးယောက်အလောင်းအား ရှာဖွေတွေ့ရှိ Reviewed by THITHTOOLWIN on 09:42 Rating: 5
Powered by Blogger.