ထိုင်းနိုင်အတွင်း လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား အလုပ်သမားအပေါ် ဥပဒေများ ပိုမိုတင်းကြပ်တော့မည်


27-6-2016

ထိုင်းနိုင်ငံထုတ် prachachat.net မှာ ဖေါ်ပြထားတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းလူမျိုးတွေရဲ့ အလုပ်တွေ လုလုပ်နေတဲ့ ခေါင်းစဉ်နဲ့ ဖေါ်ပြထားပါတယ်။

သတင်းထဲမှာရေးသားထားတာကတော့ ပထမပိုင်းမှာ နာလည်မှုနဲ့  လုပ်ပိုင်ခွင့်ပေးထားခဲ့တဲ့ ထိုင်းအလုပ်သမားတွေသာ လုပ်ပိုင်ခွင်းရှိတဲ့ အလုပ်တွေမှာ ၀င်ရောက်လုပ် ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ယခုရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံသား အလုပ် သမားတွေရဲ့  တောင်းဆိုချက်တွေက ထိုင်းလူမျိုးတွေနဲ့  တန်းတူ ဖြစ်ရေးတောင်းဆိုနေပြီး ဥပဒေကြောင်း အရ လုပ်ကိုင်လို့ ရတဲ့အလုပ်တွေဟာ အလုပ်ကြမ်း ၂၄ မျိုးနဲ့  အိမ်ဖေါ်သာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ယခုရက်ပိုင်းအတွင်း မြန်မာနို်ငံသားတွေဟာ တောင်းဆိုချက်တွေ ပိုမိုတိုးပြီးတောင်းလာတာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနကနေ လာအို-ကမ္ဘောဒီယား မြန်မာနိုင်ငံသားတွေ ၀င်ရောက်လုပ်ကိုင်လို့ မရတဲ့ လုပ်ငန်းတွေကို ဖေါ်ပြပြီး နယ်မြေတိုင်းမှာ အရေးယူတော့မှာဖြစ်တယ်လို့  ဖေါ်ပြထားပါတယ်။

ဈေး-ကုန်တိုက်-ဓါတ်ဆီဆိုင် -ကုပဏီ စတဲ့နေရာတွေမှာ အရောင်းဝန်ထမ်း လုပ်ကိုင်ခြင်း။ ကိုယ်ပိုင် အစားအသောက်ရောင်းခြင်း (ရိုတီ-အသီးအရွတ်-ဖျော်ရည်-မြေပဲ-အသားငါး) ဖေါ်ပြထားတဲ့အလုပ်တွေမှာ လုပ်ကိုင်နေတာကို တွေ့ ရင် သတင်းပေးကြဖို့ နဲ့  တွေ့ ရှိရင် ပုဒ်မ (၅၄) အရ ထောင်ငါးနှစ်နဲ့  ဒဏ်ငွေ ၂၀၀၀၀ (နှစ်သောင်း) မှ ၁၀၀၀၀၀(တစ်သိန်း)အထိ အလုပ်ရှင်ပါ အရေးယူခံရမှာဖြစ် တယ်လို့ ဖေါ်ပြထားပါတယ်။

Social Action for Women - SAW
ထိုင်းနိုင်အတွင်း လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား အလုပ်သမားအပေါ် ဥပဒေများ ပိုမိုတင်းကြပ်တော့မည် ထိုင်းနိုင်အတွင်း လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား အလုပ်သမားအပေါ် ဥပဒေများ ပိုမိုတင်းကြပ်တော့မည် Reviewed by THITHTOOLWIN on 17:59 Rating: 5
Powered by Blogger.