ကြယ်စင်ဟိန်း ခရီးသည်တင်ယာဉ် မိုင်တိုင်အမှတ် ၁၉၉/၄ နှင့် ၁၉၉/၅ အကြားမှာ ယာဉ်မောင်းအိပ်ငိုက် တိမ်းမှောက်



၂-၆-၂၀၁၆ ရက်နေ့

ယနေ့ ဇွန်လ (၂)ရက်နေ့ နံနက် (၂)နာရီ(၄၀)မိနစ် အချိန်ခန့် က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၉/၄ နှင့် ၁၉၉/၅ အကြားမှာ ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်း ထူးထူးဟန် မောင်းနှင်လာသည့် 9F/-------------  ကြယ်စင်ဟိန်း ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။


အဆိုပါ  ကြယ်စင်ဟိန်း ခရီးသည်တင်ယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကာရံထားသော ကပ်တုံးများကို ဝင်ရောက်တိုက်မိကာ လမ်းလယ်ကျွန်းပေါ်ရောက်ရှိ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။


ယာဉ်ပေါ်မှာ ပါရှိတဲ့ ခရီးသည် (၂၉)ဦးမှာ ကျား(၁၂)ဦး၊ မ(၂)ဦး ပေါင်း(၁၄)ဦး ဒဏ်ရာရရှိခဲ့တာကြောင့်  ဒဏ်ရာရရှိသူများကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ပိုင်ယာဉ်များနဲ့  နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံကို ကူညီကယ်ဆယ် ပို့ဆောင်ပေးလျက်ရှိပါတယ်။


အဆိုပါ ယာဉ်မောင်းကို ပလွေးအမြန်လမ်းမကြီး ရဲစခန်းက ယာဉ်(ပ)၁၇/၂၀၁၆ ပုဒ်မ၃၃၇/၃၃၈ ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။

သစ်ထူးလွင်


ကြယ်စင်ဟိန်း ခရီးသည်တင်ယာဉ် မိုင်တိုင်အမှတ် ၁၉၉/၄ နှင့် ၁၉၉/၅ အကြားမှာ ယာဉ်မောင်းအိပ်ငိုက် တိမ်းမှောက်  ကြယ်စင်ဟိန်း ခရီးသည်တင်ယာဉ်  မိုင်တိုင်အမှတ် ၁၉၉/၄ နှင့် ၁၉၉/၅ အကြားမှာ ယာဉ်မောင်းအိပ်ငိုက် တိမ်းမှောက် Reviewed by THITHTOOLWIN on 08:15 Rating: 5
Powered by Blogger.