ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ကို အဖွဲ့ဝင်(၁၅)ဦးနဲ့ အသစ်ပြန်လည်ဖွဲ့စည်းမည်


ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ကို အဖွဲ့ဝင် (၁၅) ဦးနဲ့ အသစ်ပြန်လည်ဖွဲ့စည်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကိစ္စကို ဇွန်လ (၂၇) ရက်က နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ ဆွေးနွေးခဲ့တာဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။

 လက်ရှိ ဂေါပကကို ယာယီဂေါပကအဖြစ် ဖွဲ့စည်းထားပြီး ဂေါပကစည်းမျဉ်းဥပဒေကို မွန်ပြည်နယ်အစိုးရအဖွဲ့က ရေးဆွဲကာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ကို တင်ပြထားတယ်လို့ သိရပါတယ်။

 အဲဒီဝန်ကြီးဌာနတွေက ပူးပေါင်းညှိနှိုင်းပြင်ဆင်ဖြည့်စွက်ကာ ရှေ့နေ့ချုပ်ရုံးကို တင်ပြသွားမှာ ဖြစ်တယ်လို့ ဦးအောင်ဆန်းဝင်းက ပြောပါတယ်။ ရှေ့နေချုပ်ရုံးက ခွင့်ပြုရင် အသိပညာရှင်၊အတတ်ပညာရှင်တွေ၊လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျိုက်ထိုမြို့ရပ်မိရပ်ဖတွေပါဝင်တဲ့ ကျိုက်ထီးရိုး ဂေါပကအဖွဲ့ကို အဖွဲ့ဝင် (၁၅) ဦးနဲ့ အသစ်ဖွဲ့စည်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

 ဒါ့အပြင် သတ်မှတ်ခွင့်ပြုထားတဲ့ဟိုတယ် အခန်းရေထက် (၁၀၆) ခန်း ပိုမိုဖွင့်လှစ်ထားတဲ့ ရိုးရိုးလေး ဟိုတယ်ကိုလည်း ပိုမိုဖွင့်လှစ်ထားတဲ့ အခန်းတွေ ပိတ်သိမ်းဖို့ ဇွန်လ (၂၇) ရက် အစည်းအဝေးမှာ ညွှန်ကြားလိုက်တယ်လို့ ဆိုပါတယ်။

 ဒါ့အပြင် လာမယ့် ဘုရားဖူးရာသီကစတင်ပြီး ကျိုက်ထီးရိုးတောင်ပေါ်ဘုရား သန့်ရှင်းသာယာရေးအတွက် အမှိုက်စွန့်ပစ်ကိစ္စ၊ ရေကိစ္စ နဲ့ တည်းခိုခန်းကိစ္စတွေကို မွန်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - documentalium
5 Plus News
https://www.facebook.com/5plusnews
ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ကို အဖွဲ့ဝင်(၁၅)ဦးနဲ့ အသစ်ပြန်လည်ဖွဲ့စည်းမည် ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ကို အဖွဲ့ဝင်(၁၅)ဦးနဲ့ အသစ်ပြန်လည်ဖွဲ့စည်းမည် Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.