တိုက်ကြီးမြို့မှ ရန်ငြိုးရှိလို့ သတ်တဲ့ လူသတ်မှု တစ်မှု


တိုက်ကြီး ဇွန် ၂

၁.၆.၂၀၁၆ ရက်နေ့ (၂၀ ၃၀) အချိန်တွင် တိုက်ကြီးမြို့နယ် (၈) ရပ်ကွက် သုခမြိုင် (၄)လမ်းတွင် ရန်ငြိုးကြောင့် လူသတ်မှု တစ်မှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ " ည ၈ နာရီခွဲလောက်က ဖြစ်တာပါ ကျွန်မ အိမ်ကနေ လမ်းအပြင်ထွက်တော့ ကျွန်မ ယောင်္ကျား လမ်းထိပ်မှာတွေ့ပါတယ်၊ သူနဲ့စကားပြောပြီး သူအိမ်ပြန်တော့မည်ဟု ပြောပါတယ် အဲ့ဒီ့အချိန်မှာပဲ ကျွန်မယောင်္ကျားနားကို လူတစ်ယောက် ရောက်လာပါတယ်၊ တဆက်တည်းမှာပဲ အဲ့ဒီလူက ကျွန်မယောင်္ကျားရဲ့ပခုံးကို ကိုင်ပီး အသင့်ပါလာတဲ့ အုတ်ခဲကျိုးနဲ့ မျက်နှာတည့်တည့် ကိုထုပြီး ထွက်ပြေးသွားပါတယ်၊ ကျွန်မယောင်္ကျားလဲကျသွားပြီး ကျွန်မလည်း ခဲနဲ့ထုသွားတဲ့ လူနောက်ကိုပြေးလိုက်သွားတယ်၊ ခပ်လှမ်းလှမ်း အရောက် အမှောင်ထဲရောက်တော့ အဲ့ဒီလူပျောက်သွားပါတယ် "ဟု သေဆုံးသူ မောင်ဆန်းလင်းအောင် ၏ဇနီးဖြစ်သူပြောပြချက်အရ သိရှိပါသည်။


ထို့နောက် ဒါဏ်ရာရရှိသူ မောင်ဆန်းလင်းအောင်အား တိုက်ကြီးမြို့နယ် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး၊ နောက်တစ်နေ့ နံနက်ပိုင်းတွင် သေဆုံးခဲ့သည်။ ၎င်း သေဆုံးမှုနှင့် ပတ်သတ်ပြီး တိုက်ကြီးမြို့နယ် ရဲစခန်းမှ (ပ)…/၂၀၁၆ ပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး တရားခံနေမျိုးထွန်း(၁၇)နှစ်(ဘ)ဗေလုဝ အပါအဝင်ပေါင်းလေးဦးအား၂၄နာရီအတွင်း ဖမ်းဆီးရမိခဲ့ပါသည်။

သတင်း - ဓါတ်ပုံ ။ ။ မှတ်ကြီး

တိုက်ကြီးမြို့မှ ရန်ငြိုးရှိလို့ သတ်တဲ့ လူသတ်မှု တစ်မှု  တိုက်ကြီးမြို့မှ ရန်ငြိုးရှိလို့ သတ်တဲ့ လူသတ်မှု တစ်မှု Reviewed by THITHTOOLWIN on 04:08 Rating: 5
Powered by Blogger.