မော်လမြိုင်မြို့ ပုလဲလမ်း၌ မီးလောင်မှုဖြစ်ပွား



မော်လမြိုင် ဇွန် ၂၇

မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက် ပုလဲလမ်း အိမ်အမှတ် (၁၄) ၌ ဇွန် ၂၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ် ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ မီးအားမြှင့်စက် အပူလွန်ကဲရာမှ အနီးရှိ တင်ဒါဘူးမှတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ မီးလောင်မှုကြောင့် အိမ်သား တစ်ဦးဖြစ်သူ ဇော်နိုင်ဝင်း (ခ) သားကြီး အသက် (၃၅) နှစ် ကျန်းမာရေး မကောင်းသူ တစ်ဦး သေဆုံးခဲ့ပြီး အုတ်ကြွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်။


မီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် (၉) စီး၊ ရေသယ်ယာဉ် (၂) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၁၅ အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း နှင့် အိမ်ရှင်ဖြစ်သူ ဒေါ်စန်းစန်းဝင်းကို မြို့မရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မော်လမြိုင်မြို့ ပုလဲလမ်း၌ မီးလောင်မှုဖြစ်ပွား မော်လမြိုင်မြို့ ပုလဲလမ်း၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.