တပတ်အတွင်း လားရှိုးဒေသခံ ၇ ဦး သတ်ဖြတ်ခံရမှု တပ်မတော်စစ်ကြောင်း လက်ချက်ဟု ဒေသခံများပြော


ဂျွန်လ ၃၀ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အရှေ့ဘက်မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ မိုင်းယော်တိုက်နယ် မှာ ဒေသခံ လူငယ် ၇ ဦးကို အစိုးရတပ်မတော် စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံများကပြောပါတယ်။

ပြီးခဲ့တဲ့စနေနေ့ကဂျွန်၂၅ က ပစ်ခတ်သံတွေအပြီး ရွာသား ၅ ဦးအဖမ်းခံရြ ပီးနောက်ပိုင်း မိဘဆွေမျိုးတွေနဲ့ ရပ်မိ ရပ်ဖတွေ သွားရောက်စုံစမ်းမေးမြန်း တာကြောင့် ဂျွန် ၂၉ ရက်နေ့က ၅ ဦးလုံးရဲ့ အလောင်းတွေကိုတူးဖော်တွေ့မိ ခဲ့တာဖြစ်ပါတယ်။


တဖက်တည်းရဲ့သေနတ်သံ ကျည်ကြီးပစ်ခတ်မှုသံတွေကြားရတဲ့ ဂျွန် ၂၅ ရက်မွန်းလွဲပိုင်းတုန်း က မိုင်းယော်တိုက်နယ်အ၀င်လမ်းမှာ ခြံလုပ်သားရွာသား ၃၀ လောက်ကိုဖမ်းဆီးခေါ်ယူစစ် ဆေးခဲ့တာ ခမရ ၃၆၂ လို့ရေးထားတဲ့ စစ် သားတွေဖြစ်ကြောင်း ပစ်ခတ်မှုတွင်လည်း ဒေသခံ ၂ ဦး ပွဲချင်းပြီးသေ ဆုံးေ ကြာင်း ရွာသားတွေကပြောပါတယ်။

”အဲ့ဒီ ၃၀ ထဲက ၅ ယောက်ကိုသူတို့ဖမ်းခေါ်သွားတယ်။ ကျန်တာကိုတော့ ပြန် လွှတ်ပေးတယ်။ အဖမ်းခံရတဲ့နောက်ပိုင်း အဲဒီစစ်ကြောင်းစခန်းချရာမိုင်းယော် အထကကျောင်းခွဲဆီကို မိဘဆွေမျိုးတွေကနေ့တိုင်း သွားတောင်းတယ်။ သူတို့ ပြန်လွှတ်ပေးလိုက်ပြီလို့ပြောတာ။ ၂၉ ရက်နေ့ရောက်တော့ စုပေါင်း သွား ရှာကြတယ်။ ကျောင်းနဲ့သိပ်မဝေးတဲ့ ပြောင်းခြံနားမှာ လတ်လတ် ဆတ်ဆတ် မြေပုံသွားတွေ့မိတော့ သွားတူးကြည့်ရာကနေ ဒီအလောင်းတွေ ကိုတွေ့မိတာ။ နှစ်လောင်း တကျင်း၊ သုံးလောင်းတကျင်း မြုပ်ထားတာ ။” - လို့ သေဆုံးသူရဲ့ မိသားစု ၀င်တဦး ဖြစ်တဲ့ စိုင်းလင်း ကပြောပါတယ်။


သေဆုံးသူတွေဟာ မိုင်းယော်တိုက်နယ်ထဲက မန်ကစ်ရွာနဲ့ မန်တပ်ရွာက ရွာသားတွေကြောင်း၊ အလောင်းတွေမှာတော့ ပြောက်ကျားစစ်ဝတ်စုံတွေကို ၀တ်ဆင်ပေးထားတာတွေ့ရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

ကျားခေါင်းပါတီခေါ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းကတော့ " သူတို့ ၅ ယောက်သေပြီဆိုတာတော့သေချာတယ်။ မနေ့ညနေက ဆွေမျိုးတွေနဲ့ ရပ်ရွာထဲကလူတွေ အလောင်းသွားတူးတယ်။ ကျနော်တို့အနေနဲ့တော့ အချက်အလက်တွေစုဆောင်းနေတယ်။ တဆင့်ပြီးတဆင့် လုပ်သွားဖို့ ရှိပါတယ်။ " - လို့ပြောပါတယ်။

အသတ်ခံရတဲ့ ရွာသား ၅ ဦးကတော့ - မန်ကစ်ရွာက စိုင်းအိုက်ဆိုင် (အသက် ၂၃ နှစ် )၊ ဦးအိုက်လွတ် (အသက် ၃၉ နှစ် ) အိုက်မောင် (၂၇ နှစ် ) လူမျိုး များဖြစ်ပြီးတော့ မန့်တပ်ရွာက စိုင်းမွန်းအောင်(ခ)စိုင်းရွှေလူ (၁၇ နှစ် ) ၊ အိုက်မောင် (၂၃ နှစ် ) တို့ဖြစ်ကြောင်းသိရပါတယ်။

ခမရ ၃၆၂ ကလို့ ရွာသားများပြောဆိုတဲ့အဲဒီစစ်ကြောင်းဟာ ဂျွန်လ ၂၅ ရက်နေ့က လားရှိုးမြို့ကနေ ရောက်ရှိလာပြီး မိုင်းယော်ရွာမအ၀င်မှာ ဆိုင် ကယ် စီးနင်းလာတဲ့ လူငယ်နှစ်ဦးကို ပစ်ခတ်လို့ လူငယ် ၂ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံး ခဲ့တယ်လို့လည်း ရွာသားများပြောပြချက်အရသိရပါတယ်။

အဲဒီနေရာမှာဘဲ တိုက်ပွဲအသွင် ဟန်ဆောင်ကာ လက်နက်ကြီးလက် နက် ငယ်တွေနဲ့ ပစ်ခတ်လို့ ပြောင်းခြံလုပ်နေတဲ့ မန့်စန်းရွာက ရွာသူသုံးဦးလဲ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီဒေသမှာ နယ်မြေစိုးမိုးဖို့ တပ်မတော်စစ်ကြောင်းကလှုပ်ရှားနေတယ်။ လူထုအသက်အိုးအိမ်ကိုထိပါးနှောင့်ယှက်တဲ့ သောင်းကျန်းသူတွေကိုပစ်ခတ်တိုက်ခိုက်ရှင်းလင်းတာတွေပြီးခဲ့တဲ့ရက်ပိုင်းကရှိတယ်။”- လို့လားရှိုးစစ်တိုင်း ရုံးက အရာရှိတဦးကပြောပါတယ်။


လားရှိုးမြို့ ခလရ ၆၈ နှင့်နီးစပ်သူတဦးက - အဆိုပါစစ်ကြောင်းမှာ မိုင်းယော် အရှေ့တောင်ဘက် မိုင် ၃၀ ခန့်ဝေးတဲ့ တိုင်းရင်းသားမဟာမိတ်တပ်စခန်းေ တွကို သွားရောက်တိုက်ခိုက်မှုကိုရှောင်ရှားဖို့ အကွက်ဆင်လှုပ်ရှားရ တာဖြစ်နိုင်တယ် လို့ပြောပါတယ်။

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ထဲမှာ မန်ပန်ဌာနေပြည်သူ့စစ်ကလွဲလို့ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေမရှိကြောင်း၊ မိုင်းယော်ရွာမကြီးနဲ့ မိုင်ပေါင်း ၃၀ ခန့်ဝေးတဲ့ တောင်ပေါ်ဒေသမှာတော့ ပလောင် TNLA ၊ သျှမ်း SSPP/SSA ၊ ကချင် KIA လက်နက်ကိုင်တပ်ဖွဲ့တွေ ရံဖန်ရံခါ ဖြတ် သန်းသွားလာကြောင်း၊ ယခုအခင်း ဖြစ်ပွားတဲ့နေရာမှာ (လူထုရဲ့အိမ်မွေး ကျွဲနွား စားကျက်မြေတွေကို သိမ်းပိုက်ထားတဲ့ ) မန်ပန်ဌာနေပြည်သူ့စစ်ရဲ့ စိုက်ပျိုးရေးခြံ နဲ့ မန်ပန်ဌာနနေပြည်သူ့စစ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ တရုတ်လူမျိုးတွေရဲ့ နာနတ်လျှော်ခြံနဲ့ ရွာသားတွေရဲ့ ပြောင်းခြံသာရှိတယ် လို့ ဒေသခံတွေပြောပါတယ်။

Photo: အသတ်ခံရ မိုင်းယော်ရွာသားများ၏ အလောင်းများအား ရွာသားများ သွားရောက် တူးဖော်နေပုံ (Photo by citizen journalist)

သျှမ်းသံတော်ဆင့်/ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
တပတ်အတွင်း လားရှိုးဒေသခံ ၇ ဦး သတ်ဖြတ်ခံရမှု တပ်မတော်စစ်ကြောင်း လက်ချက်ဟု ဒေသခံများပြော  တပတ်အတွင်း လားရှိုးဒေသခံ ၇ ဦး သတ်ဖြတ်ခံရမှု တပ်မတော်စစ်ကြောင်း လက်ချက်ဟု ဒေသခံများပြော Reviewed by THITHTOOLWIN on 18:40 Rating: 5
Powered by Blogger.