ဂုတ်တွင်းကားလမ်းအဆင်း တွဲကားကြီးတစ်စီးတိမ်းမှောက်


လာရှိုး ဇွန် ၂၆

ဇွန်လအတွင်းမိုးရွာသွန်းမှုများကြောင့် မန္တလေး-လားရှိုး-မူဆယ်ကားလမ်းရှိ ဂုတ်တွင်းလမ်းပေါ်သို့ တောင်ကျ ရေများကျဆင်းလာပြီး လမ်းချော်မှုများ ဖြစ်ခဲ့ရသည်။ ဂုတ်တွင်းလမ်းပိုင်းရှိ ပျက်စီးနေသော နေရာအချို့ကို ပြုပြင်နိုင်ရန်အတွက် ဇွန်၂၆ ရက် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအထိ ခေတ္တလမ်းပိတ်ထားကြောင်း သိရ သည်။

ဇွန်၂၆ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ဂုတ်တွင်း ကားလမ်းကျောက်မဲဘက်အခြမ်း ခြောက်ထပ်ကွေ့ဒုတိယ အထပ်၌ အဆင်းတွဲကားကြီးတစ်စီး တိမ်းမှောက်မှုဖြစ်ပွား ခဲ့သည်။ လမ်းပြုပြင်ရန် ခေတ္တလမ်းပိတ်ထားခါနီးတွင် ယခုကဲ့သို့ တိမ်းမှောက် ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တိမ်းမှောက်သွားသော တွဲကားကြီးကို ရှင်းလင်းဖယ်ရှား ခြင်းနှင့် လမ်းပြင်ခြင်းလုပ်ငန်းကိုပါ ဆောင်ရွက်ခဲ့ကြသည်။

 ယခုရက်များအတွင်း မိုးရွာသွန်းမှုကြောင့် လမ်းချော် ၍ ယာဉ်မတော်တဆမှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပွားခဲ့ကြောင်း၊ ယခုကာလအပါအဝင် အန္တရာယ်များသော ဂုတ်တွင်းကားလမ်းတွင် ယာဉ်မောင်း သူများအနေဖြင့် အထူးသတိပြုမောင်းနှင်ကြရန် လိုအပ် ကြောင်း၊ ယာဉ်မောင်းသူများနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး အတွက်သတိပေးနှိုးဆော်မှုများကိုလည်း ဆောင်ရွက်လျက်ရှိ ကြောင်း လမ်းရှင်းလင်းရေးနှင့် ကူညီရေးအတွက် ဆောင်ရွက်နေသည့် ကျောက်မဲခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးချစ်စိန်က ပြောသည်။

သီပေါကိုလတ်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဂုတ်တွင်းကားလမ်းအဆင်း တွဲကားကြီးတစ်စီးတိမ်းမှောက် ဂုတ်တွင်းကားလမ်းအဆင်း တွဲကားကြီးတစ်စီးတိမ်းမှောက် Reviewed by THITHTOOLWIN on 07:09 Rating: 5
Powered by Blogger.