တရုတ်နိုင်ငံ မှ ဒူဘိုင်းမြို့သို့ ထွက်ခွာလာသည့် လေယာဉ်ဝမ်းဗိုက် အတွင်း လူငယ်တစ်ဦး ခိုး၍လိုက်ပါ


ဒူဘိုင်း ၊ ၂-၆-၂၀၁၆

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ အာရပ် စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့သို့ ထွက်ခွာလာသည့် လေယာဉ် တစ်စင်း၏ ဝမ်းဗိုက် အတွင်း၌ ခိုး၍ လိုက်ပါလာသည့် ဆယ်ကျော်သက် အရွယ် လူငယ်တစ်ဦး ကို တာဝန်ရှိသူ များက ဖမ်းဆီးခဲ့ကြောင်း ဒူဘိုင်း လေကြောင်းလိုင်း နှင့် တရုတ် သတင်းဌာနက မေ ၃၁ ရက်တွင် ပြောကြားသည်။

အဆိုပါလူငယ် ကို ရှန်ဟိုင်းမြို့မှ ထွက်ခွာလာသော ဒူဘိုင်း လေကြောင်းလိုင်း ပိုင် Flight EK 303 လေယာဉ်၏ ဝမ်းဗိုက် အတွင်း၌ မေ ၂၇ ရက်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အသက် ၁၆ နှစ်အရွယ် ရှု အမည်ရှိ အဆိုပါလူငယ် သည် ဒူဘိုင်းမြို့မှ ဆင်းရဲ နွမ်းပါးသူများမှာ နှစ်စဉ် ယွမ် ထောင်ပေါင်း များစွာ ရရှိနိုင်သည် ဟု ကြားသိခဲ့ရ ပြီးနောက် ယခုကဲ့သို့ အန္တရာယ် များသည့် ခရီးစဉ်ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ထုတ်ပြန် ထားသည်။

ဒူဘိုင်းလေဆိပ် သည် နိုင်ငံတကာ ခရီးသွားလာရေး အတွက် ကမ္ဘာ့ အစည်ကားဆုံး လေဆိပ်တစ်ခု ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ အလုပ် ရှာဖွေသူများ အတွက်လည်း အဓိက ရည်မှန်းချက် တစ်ခုဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
တရုတ်နိုင်ငံ မှ ဒူဘိုင်းမြို့သို့ ထွက်ခွာလာသည့် လေယာဉ်ဝမ်းဗိုက် အတွင်း လူငယ်တစ်ဦး ခိုး၍လိုက်ပါ  တရုတ်နိုင်ငံ မှ ဒူဘိုင်းမြို့သို့ ထွက်ခွာလာသည့် လေယာဉ်ဝမ်းဗိုက် အတွင်း လူငယ်တစ်ဦး ခိုး၍လိုက်ပါ Reviewed by THITHTOOLWIN on 11:23 Rating: 5
Powered by Blogger.