ကောလင်းမြို့နယ်မှာ အိမ်ခြေ ၄ ထောင် ရေနစ်မြုပ်

(စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တို့မှာ မိုးဆက်တိုက်ရွာပြီး ရေကြီးရေလျှံနေမှုကို ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ်) Photo: Kawlin Development Parahita Network (facebook)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်နဲ့ ကောလင်းမြို့နယ်တို့မှာ မနေ့ညက မိုးဆက်တိုက်ရွာပြီး ရေကြီးလာတာကြောင့် နေအိမ် ၄ထောင်ကျော် ရေနစ်မြုပ်သလို ဒေသခံ နှစ်ဦး သေဆုံးခဲ့ပါတယ်။

ဝန်းသိုမြို့က ၇ မိုင်တံတားကျိုးကျတာကြောင့် အမျိုးသား ၂ ဦး ရေနစ်သေဆုံးခဲ့ပြီး တံတား ၅ စင်း ကျိုးကျသွားတယ်လို့ ဝန်းသိုမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း က ပြောပါတယ်။

အလားတူ ကောလင်းမြို့မှာ မိုးဆက်တိုက်ရွာတာကြောင့် ဒီနေ့မနက် ၄ နာရီလောက်က တောင်ကျချောင်းရေ မြင့်တက်လာပြီး ကောလင်းမြို့ပေါ် ရပ်ကွက် ၆ ခုစလုံးက နေအိမ် ၄ထောင်လောက် ရေလွှမ်းသွားတယ်လို့ ကောလင်းမြို့နယ်လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပရဟိတ ကွန်ရက် အတွင်းရေးမှူး ဦးအောင်မျိုးဝေ က ပြောပါတယ်။

ဒါ့အပြင် အစိုးရရုံးတွေ၊ ဆေးရုံတွေနဲ့ ကျောင်းတွေထဲကိုပါ ရေတွေဝင်ရောက်နေတာကြောင့် ကျောင်းတချို့ကို ပိတ်ထားရပါတယ်။

ကောလင်းမြို့ စက်ရုံလယ်ပြင်ရပ်ကွက်မှာရှိတဲ့ အနောက်ကျောင်းကြီး ဘုန်းကြီးကျောင်းမှာ လူမှုရေးအဖွဲ့တွေ စုပေါင်းပြီး အစားအသောက်တွေ ပေးဝေနေရသလို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ် စတဲ့ဌာနဆိုင်ရာတွေကလည်း ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေပါတယ်။

ကောလင်းမြို့မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကောလင်းမြို့နယ်မှာ အိမ်ခြေ ၄ ထောင် ရေနစ်မြုပ်   ကောလင်းမြို့နယ်မှာ အိမ်ခြေ ၄ ထောင် ရေနစ်မြုပ် Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.