မွန်ပြည်နယ်မှာ နှစ်ဖက်တပ်တွေစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်း

(ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) အစည်းအဝေးကို ၂ဝ၁၆ ဇွန်လ ၃ဝ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပပြုလုပ်စဉ်) Photo: Joint Ceasefire Monitoring Committee(facebook)
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA သဘောတူစာချုပ်ကို လိုက်နာမှုရှိမရှိ လေ့လာစောင့်ကြည့် မယ့် မွန်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ကို ဒီကနေ့ မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ဖွဲ့စည်းခဲ့ပါတယ်။

အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စာချုပ်ပါအတိုင်းလိုက်နာဖို့၊ ဖောက်ဖျက်လာပါ က ညှိုနှိုင်းဆောင်ရွက်ပေးဖို့ ဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ ဒုတိယဥက္ကဌ ၂ ဒေါက်တာ မင်းနွယ်စိုးက ပြောပါတယ်။

ဒီအဖွဲ့မှာ အစိုးရတပ်ဘက်က အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်နယ်လုံဝန်ကြီး၊ ပြည်နယ်ရဲချုပ် အပါအဝင် ၅ ဦးတို့ဖြစ်ကြပြီး တိုင်းရင်းသားလက်နက်ကိုင်ဘက်က ရွေးချယ်ပေးတဲ့ ၅ ဦးနဲ့ နှစ်ဘက်စလုံးက ရွေးချယ်ထားတဲ့ အရပ်သားကိုယ်စားလှယ် ၄ ဦး စတဲ့ ၁၄ ဦး ကော်မတီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ အစိုးရနဲ့ NCA စာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တစ်ဖွဲ့သာ ရှိပါတယ်။

အလားတူ မနေ့ကလည်း ကရင်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-S)ကို ဖွဲ့စည်းခဲ့ပြီး ပြီးခဲ့တဲ့ လပိုင်းတွေက ပြည်နယ်နဲ့တိုင်းဆင့်အဖြစ် တနင်္သာရီတိုင်း မြိတ်မြို့နဲ့ ရှမ်းပြည်နယ် ခိုလမ်မြို့တွေမှာ ဖွဲ့စည်းထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မွန်ပြည်နယ်မှာ နှစ်ဖက်တပ်တွေစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်း  မွန်ပြည်နယ်မှာ နှစ်ဖက်တပ်တွေစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်း Reviewed by THITHTOOLWIN on 17:39 Rating: 5
Powered by Blogger.