ရခိုင်မှ လ၀က အရာရှိ ၅၇ ဦးပြောင်းရွှေ့မှု သမရိုးကျပြောင်းရွှေ့မှုဟုဆို


နိရဉ္စရာ၊ ဇွန် ၃၀

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်နေသော လ၀က အရာရှိ ၅၇ ဦးအား ဒေသပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်းမှာ သမရိုးကျ ပြောင်းရွှေ့တာဝန် ထမ်းဆောင် စေခြင်းသာ ဖြစ်ကြောင်း ပြည်နယ် လ၀က ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ ယနေ့ နေ့လယ်က ပြောကြားသည်။

“ ဒါကတော့ဗျာ။ ပုံမှန် သမရိုးကျ အတိုင်း ပြောင်းရွှေ့တာပါဘဲ။ ဘာမှ နောက်ကွယ်မှာ တစ်ခြား အကြောင်းအရာမရှိပါဘူး။ မီဒီယာ အချို့မှာ ရေးသားနေသလို မဟုတ်ရပါဘူး။ အချိန်တန်တော့ ယခင်ကလို အလှည့်ကျ ပြောင်းရွှေ့တာသာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် လူဝင်မှု ကြီးကြပ်ရေးဌာနခွဲ (၄) လက်အောက်တွင် တာဝန် ထမ်းဆောင်နေကြသော လက်ထောက်ကြီးကြပ်ရေးမှူး ၅၇ ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ဝန်ထမ်း ဦးစီးဌာန ၀န်ကြီးရုံး ၀န်ထမ်းရေးရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အမိန့်စာ ထုတ်ပြန်ကာ ဒေသ ပြောင်းရွှေ့ခြင်းကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်သည် လူဝင်မှု ပြဿနာ တက်နေသော ပြည်နယ် တစ်ခု ဖြစ်ပြီး ဒေသအတွင်းတွင် နိုင်ငံသား စိစစ်ခံရမည့်သူများအား NVC ကတ်များအား ထုတ်ပေးနေချိန်တွင် ယခုလို လ၀က အရာရှိအဆင့် ၀န်ထမ်း ၅၇ ဦးအား ဒေသ ပြောင်းရွှေ့မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Narinjara
https://www.facebook.com/Narinjara
ရခိုင်မှ လ၀က အရာရှိ ၅၇ ဦးပြောင်းရွှေ့မှု သမရိုးကျပြောင်းရွှေ့မှုဟုဆို  ရခိုင်မှ လ၀က အရာရှိ ၅၇ ဦးပြောင်းရွှေ့မှု သမရိုးကျပြောင်းရွှေ့မှုဟုဆို Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.