အရှိန်မထိန်းနိုင်သည့်ကား မီးပွိုင့်၊ လမ်းဘေးအုတ်ခုံနဲ့ လျှပ်စစ်မီးတိုင်အပြင် ကျောင်းသူတစ်ဦးပါ တိုက်မိ


ယနေ့ ဇွန်လ ၂၈ ရက်နေ့ ညနေ ၃ နာရီချိန်ခန့်တွင် ပြင်ဦးလွင်မြို့၊ ဗိုလ်ချုပ်လမ်းနှင့်ေ၇ွှစည်းခုံလမ်းထောင့်ရှိမီးပွိုင့်အား တိုယိုတာကိုရိုလာမောင်းနင်လာသူတစ်ဦးမှ အရှိန်လွန်ကာတိုက်မိခဲ့ပြီး ကျောင်းသူတစ်ဦးကိုပါထိခိုက်မိခဲ့ပါသည်။

 ၎င်းနောက် အဆိုပါကားသည် ဆက်လက်မောင်းနှင်သွားရာ ရွှေစည်းခုံလမ်းမပေါ် အလက(၃)နှင့်မျက်စောင်းထိုး၊ စိန်မေရီဘုရားကျောင်းရှေ့အရောက်တွင် လမ်းဘေးရှိရေမြောင်းအုတ်ခုံနှင့်လျှစ်စစ်မီးတိုင်ကိုပါထပ်မံတိုက်မိခဲ့ပါသည်။


အဆိုပါ မတော်တဆမှုကြောင့် ယာဉ်မောင်းရောကျောင်းသူပါအနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှီပါသည်။

သတင်း- ဥက္ကာ
ဓာတ်ပုံ - ကျော်ကျော်မင်းအောင်
Myanmar Citizen News Agency
အရှိန်မထိန်းနိုင်သည့်ကား မီးပွိုင့်၊ လမ်းဘေးအုတ်ခုံနဲ့ လျှပ်စစ်မီးတိုင်အပြင် ကျောင်းသူတစ်ဦးပါ တိုက်မိ  အရှိန်မထိန်းနိုင်သည့်ကား မီးပွိုင့်၊ လမ်းဘေးအုတ်ခုံနဲ့ လျှပ်စစ်မီးတိုင်အပြင် ကျောင်းသူတစ်ဦးပါ တိုက်မိ Reviewed by THITHTOOLWIN on 19:02 Rating: 5
Powered by Blogger.