ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေတွင် မော်တော်ဘုတ်နှစ်စင်းတိုက်မိ လူနှစ်ဦးသေဆုံး


ဗန်ကောက် ဇွန် ၈

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖူးခက်ကမ်းခြေတွင် မော်တော်ဘုတ်နှစ်စင်းတိုက်မိခဲ့ ရာ လိုက်ပါစီးနင်းသူ နှစ်ဦးသေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ယနေ့ဆင်ဟွာ သတင်းတစ်ရပ်အရသိရသည်။

ဇွန် ၈ ရက် မွန်းလွဲ ၂ နာရီခန့်က အဆိုပါမော်တော်ဘုတ်နှစ်စင်းသည် ဖူးခက်ကမ်းခြေမှ သည်မူကိုခ်ျဖီဖီကျွန်းဆီသို့ ဦးတည်မောင်းနှင်ခဲ့ကြရာ ရာသီဥတုဆိုးရွားမှုကြောင့် အချင်းချင်းတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လိုက်ပါစီးနင်းခဲ့သူအများစုမှာ တရုတ်နှင့် တောင်ကိုရီးယားလူမျိုးများဖြစ်သည်။

'ချိုလာကီစ်' အမည်ရှိ မော်တော်ဘုတ်တွင် ခရီးသည် ၃၆ ဦးလိုက်ပါစီးနင်း လာခဲ့ပြီး 'ဟွန်ဂ်ျဖက်' အမည်ရှိ မော်တော်ဘုတ်ပေါ်တွင် ခရီးသည် ၂၆ ဦး လိုက်ပါစီးနင်းခဲ့သည်ဟု ရဲအရာရှိများကဆိုသည်။

သေဆုံးသွားသူနှစ်ဦးမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၆ ဦးကို နီးစပ်ရာဆေးရုံသို့ ဆေးကုသမှုခံယူရန် အမြန်ဆုံးပို့ဆောင်ပေးခဲ့ကြောင်း ၄င်းတို့က ဆက်လက်ပြောသည်။ မတော် တဆမှုနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ရဲအရာရှိများက ဆက်လက်စုံစမ်းဆဲဖြစ်သည်။

ဖူးခက်ကမ်းခြေသည် ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်များအနက် တစ်ခုအပါ အဝင်ဖြစ်သည်။ ၄င်းသည် ထိုင်းနိုင်ငံ၏အကြီးဆုံးသော ကျွန်းတစ်ခုဖြစ် သည့်အပြင် 'မြေထဲပင်လယ် ပုလဲကျွန်း' ဟုလည်း အမည်တွင်သည်။ ၄င်းကို ကျွန်းသေး ၃၂ ခုက ဝန်းရံထားသည်။

အင်န်အိတ်ခ်ျကေ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေတွင် မော်တော်ဘုတ်နှစ်စင်းတိုက်မိ လူနှစ်ဦးသေဆုံး   ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေတွင် မော်တော်ဘုတ်နှစ်စင်းတိုက်မိ လူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 07:03 Rating: 5
Powered by Blogger.