သာယာဝတီမြို့ နယ်မှာ ဘောလုံးကန်နေစဉ် လူငယ် ၂ ဦး မိုးကြိုးပစ်ခံသဖြင့် သေဆုံး


ပဲခူးတိုင်း ဒေသကြီး သာယာဝတီမြို့ နယ် လှည်းလမ်းကူးရွာ ဘောလုံးကွင်းတွင် ဘောလုံး ကန်နေသော မောင်အောင်စိုးမိုး ၂၁ နှစ်နှင့် မောင်နေလင်းအောင် ၂၂ နှစ်တို့ နှစ်ဦးအား ဇွန်လ (၁)ရက်နေ့ ညနေ ၆နာရီခွဲလောက်တွင် မိုးကြိုးထိမှန်၍ နေရာတွင် သေဆုံးသွားကြောင်း သိရပါသည်။


အဆိုပါ မိုးကြိုးထိမှန်ခံရသူ လူငယ် နှစ်ဦးကို လှည်းလမ်းကူးရွာမှ သာယာဝတီ ပြည်သူ့ဆေးရုံကြီးသို့ သာယာဝတီမြို့ မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ သွားရောက် သယ်ဆောင်ခဲ့ပြီး၊ ဓမ္မာတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်အား ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်

သတင်း - ဓါတ်ပုံ ။  ။ Phyo Min

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ