သာယာဝတီမြို့ နယ်မှာ ဘောလုံးကန်နေစဉ် လူငယ် ၂ ဦး မိုးကြိုးပစ်ခံသဖြင့် သေဆုံး


ပဲခူးတိုင်း ဒေသကြီး သာယာဝတီမြို့ နယ် လှည်းလမ်းကူးရွာ ဘောလုံးကွင်းတွင် ဘောလုံး ကန်နေသော မောင်အောင်စိုးမိုး ၂၁ နှစ်နှင့် မောင်နေလင်းအောင် ၂၂ နှစ်တို့ နှစ်ဦးအား ဇွန်လ (၁)ရက်နေ့ ညနေ ၆နာရီခွဲလောက်တွင် မိုးကြိုးထိမှန်၍ နေရာတွင် သေဆုံးသွားကြောင်း သိရပါသည်။


အဆိုပါ မိုးကြိုးထိမှန်ခံရသူ လူငယ် နှစ်ဦးကို လှည်းလမ်းကူးရွာမှ သာယာဝတီ ပြည်သူ့ဆေးရုံကြီးသို့ သာယာဝတီမြို့ မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ သွားရောက် သယ်ဆောင်ခဲ့ပြီး၊ ဓမ္မာတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်အား ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်

သတင်း - ဓါတ်ပုံ ။  ။ Phyo Min

သာယာဝတီမြို့ နယ်မှာ ဘောလုံးကန်နေစဉ် လူငယ် ၂ ဦး မိုးကြိုးပစ်ခံသဖြင့် သေဆုံး သာယာဝတီမြို့ နယ်မှာ ဘောလုံးကန်နေစဉ် လူငယ် ၂ ဦး မိုးကြိုးပစ်ခံသဖြင့် သေဆုံး Reviewed by THITHTOOLWIN on 04:07 Rating: 5
Powered by Blogger.