ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး အနောက်ဘက် တစ်မိုင်ခန့်အကွာမှာ အဆိပ်လူးမျှားနဲ့ ပစ်ခတ်ခံထားရတဲ့ တောဆင်ရိုင်းတစ်ကောင်တွေ့ရှိ


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၇၇) မိုင်(၂) ဖာလုံရဲ့ အနောက်ဘက် တစ်မိုင်ခန့်အကွာ ပဲခူးရိုးမ ဘိုင်းဒါးကြိုးဝိုင်း အကွက်အမှတ်(၁၀၈)မှာ ဇွန်လ(၁)ရက် ညနေ (၆)နာရီက အဆိပ်လူးမျှားနဲ့ ပစ်ခတ်ခံထားရတဲ့ တောဆင်ရိုင်း တစ်ကောင်ကို
တွေ့ရှိခဲ့တယ်လို့ သိရပါတယ် ။


သတင်းအရ အခင်းဖြစ်နေရာ ကို ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းယု၊ တောအုပ်ကြီးဦးကျော်ခင် ဦးမောင်သိန်းနဲ့ သစ်တောဝန်ထမ်းများ၊ သစ်ထုတ်လုပ်ရေးအဖွဲ့များ ၊ ဖဒိုနယ်မြေရဲစခန်းက ဒုရဲအုပ်ဇင်မင်းထွန်းနဲ့ တပ်ဖွဲ့ဝင်တွေ သစ်တောရဲပူးပေါင်းအဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆင်ဟာ တောဆင်ရိုင်းဟိုင်းဆင်ဖြစ်ပြီး ဆင်ရဲ့ တင်ပါး ဘယ် ၊ ညာမှာ အဆိပ်လူးမျှားတွေ တပ်လျှက်တွေ့ရှိရပြီး ၊ အသက်မသေဆုံးတာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ် ။

အဆိပ်လူးမျှား ဒဏ်ကြောင့် လှုပ်ရှားမှု နှေးကွေးနေတဲ့ ဒဏ်ရာရ တောဆင်ရိုင်းကို ဝိုင်းဝန်းဖမ်းဆီးကာ သစ်တောဦးစီးဌာန ရန်ကုန်ဆင်ဆေးကုသရေးအဖွဲ့က အချိန်မှီဆေးကုသ နိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး တောဆင်ရိုင်းကို အဆိပ်လူးမျှားနဲ့ ပစ်ခတ်ခဲ့တဲ့ အဖွဲ့ကို ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ် ။

သတင်းစာသား၊ဓာတ်ပုံ .......... ခင်ကို(ကျောက်တံခါး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး အနောက်ဘက် တစ်မိုင်ခန့်အကွာမှာ အဆိပ်လူးမျှားနဲ့ ပစ်ခတ်ခံထားရတဲ့ တောဆင်ရိုင်းတစ်ကောင်တွေ့ရှိ  ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး အနောက်ဘက် တစ်မိုင်ခန့်အကွာမှာ အဆိပ်လူးမျှားနဲ့ ပစ်ခတ်ခံထားရတဲ့ တောဆင်ရိုင်းတစ်ကောင်တွေ့ရှိ Reviewed by THITHTOOLWIN on 15:48 Rating: 5
Powered by Blogger.