အမေရိကန် စက်ဘီးသမားကို ဝက်ဝံကိုက်သတ်


အမေရိကန် အနောက် မြောက်ပိုင်းက ဝေးလံတဲ့ မွန်တားနား ပြည်နယ်က ဂလေစီယာ အမျိုးသား ဥယျာဉ် အပြင်ဘက်မှာ ဂရစ်ဇလီ မျိုးနွယ် ဝက်ဝံညိုကြီး တကောင်က စက်ဘီးသမား တယောက်ကို ကိုက်သတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။

ဥယျာဉ်နားက တောစခန်း တခုနားမှာ ဗုဒ္ဓဟူးနေ့က ဒီလို ကိုက်သတ်ခံခဲ့ရတာပါ။

လူသတ်သွားတဲ့ ဝက်ဝံကို လက်နက်ကိုင် ရဲတွေက လိုက်ရှာနေတယ်လို့ သိရပါတယ်။

ဒီလို ဝက်ဝံ ကိုက်လို့ သေသူ ဒီနယ်မြေမှာ ရှားပါးပြီး ဥယျာဉ် တည်ထောင်ပြီး အနှစ် တရာ အတွင်း လူ ၁ဝ ယောက်ပဲ သေဖူးတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အသက် ၃၈ နှစ် အရွယ် သစ်တော အရာရှိ တယောက် ဖြစ်ပါတယ်။

ဝက်ဝံက တောလမ်း ပေါ်မှာ တွေ့တဲ့ စက်ဘီး သမား ၂ ယောက်ကို ရန်မူ တိုက်ခိုက်ခဲ့တာ လို့ သိရပါတယ်။

စက်ဘီး သမား တယောက်ကို ဝက်ဝံက ဆွဲချ တိုက်ခိုက်ချိန်မှာ နောက်တယောက်က နင်းပြေးပြီး အကူအညီ သွားတောင်းခဲ့တာပါ။

ဂရစ်ဇလီ ဝက်ဝံတွေကို မျိုးတုံးလုနီး စာရင်းက ပယ်ဖျက် သွားမယ်လို့ အမေရိကန် သားရဲ တိရစ္ဆာန် ဌာနက ကြေညာ ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese/
အမေရိကန် စက်ဘီးသမားကို ဝက်ဝံကိုက်သတ်  အမေရိကန် စက်ဘီးသမားကို ဝက်ဝံကိုက်သတ် Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.